မိန်းကလေးချင်းချင်းငေးရလောက်အောင်လှရက်နိုင်လွန်းသူဖြစ်သည်။ ဝသန်ဘဝတွင်မိန်းကလေးချင်းရင်ခုန်မိတာဒါပထမဆုံးဖြစ်သည်။ငယ်စဉ်ထဲကခုချိန်ထိရည်းစားဆို၍တစ်ယောက်မျှမထားဖူးခဲ့ ရင်ခုန်သည်ဟူ၍လည်းမရှိခဲ့။
"နှောင်းဝသန်နင်ဘာတွေဖြစ်နေတာလဲသတိထယးစမ်း" မိမိကိုယ်မိမိစိတ်ထဲ၌သတိပေးနေခဲ့သည်။ သို့သော်မျက်လုံးများကတော့ယခုထက်တိုင်ထိုးမိန်းကလေးဆီမှမခွာနိုင်သေး။
"ဝသန်နင်ဘာတွေအဲ့လောက်ငေးနေရတာလဲ"ပခုံးအားလက်ဖြင့်ပုတ်၍ရွှေဇင်မေးမှသတိပြန်ဝင်လာသည်။
"ဟာ .....နင်ကလည်းဘာငေးလို့လည်းဘာမှမငေးပါဘူးဟ"
"ဘာမငေးဘူးလည်း ဟိုတစ်ယောက်ဝင်လာတည်းကညည်းလှမ်းကြည့်နေတာ မျက်လုံးကျွတ်ကျတော့မယ်"
"မဟုတ်ပါဘူးဒီတိုင်းလှလို့ကြည့်မိသွားတာပါ"
"ကောင်မနော်ညည်းမရိုးတော့ဘူး"
"နင်တို့ကလည်းအဲ့လိုမဟုတ်ပါဘူး အော်ဒါနဲ့သူက bioကလား ငါသူ့ကိုမတွေ့ဖူးလို့"
"ဟုတ်တယ်ဟ သူကbioလေ အရင်နှစ်ကမှငါတို့ကျောင်းပြောင်းလာတာ ရုပ်လည်းချောသလို စာလည်းတော်တယ်ဟ သူ့မိဘတွေကဆွေကြီးမျိူးကြီးတွေလေ"
"ဟဲ့ ရွှေဇင်မ သိလှချည်လား ဘယ်ချိန်တည်းကစုံစမ်းထားတာလဲ"
"နင်သာမသိတာ သူ့အကြောင်းအားလုံးသိကြတယ် ဉစ္စာပေါရုပ်ချော ဘဲတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေ"
"ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မဟုတ်ဘူးလား နင့်ဟာကဘယ်လိုကြီးလဲ"
"သူကမိန်းကလေးလေ အဲ့တော့ဘဲတိုင်းကြိုက်တာပေါ့ဟ"
"ဒါဆို သူ့မှာရည်းစားရှိတာပေါ့"
"အရင်ကတော့ရှိတယ်လို့ကြားတယ်ဟ အချစ်ဉီးပေါ့ ခုတော့ပြတ်သွားပြီ"
"ဟုတ်လား ဘယ်လိုများပြတ်သွားတာလဲမသိဘူး"
"ကောင်လေးဘက်ကသစ္စာဖောက်သွားတာတဲ့ အဲ့တာကြောင့်အချစ်ဉီးပေးတဲ့ဒဏ်ရာတွေမကျက်လို့ထင်တယ်ရည်းစားထပ်မထယးတော့ဘူး"
"ဒီလောက်ပြီးပြည့်စုံနေတာကိုယောက်ကျားတွေများတကယ်မလွယ်ဘူးနော်"
"နေစမ်းပါအုန်း မိဝသန် ညည်းကဘာလို့သူ့အကြောင်းစိတ်ဝင်စားနေရတာလဲ သူများအကြောင်းဆိုနည်းနည်းမှစိတ်မဝင်စားတဲ့နင်က"
အဲ့လိုလည်းမဟုတ်ပါဘူးဟာ ဒီတိုင်းသိချင်ယုံပါ"
ထိုမိန်းကလေးကြောင်းစပ်စုနေမိတဲ့ကိုယ့်ကိုယ်ကို ဝသန်အံ့သြမိသည်။ ဘာလို့များအဲ့မိန်းကလေးကိုစိတ်ဝင်စားနေမိပါလိမ့်။
ထို့နေ့ကဆရာမစာသင်နေသည်ကိုခေါင်းထဲမရောက်ဘဲ ထိုမိန်းကလေးအားအချိန်ပြည့်ကြည့်နေမိသည်။