Ep 12

5K 409 19
                                    

#Unicode

"အဆင်သင့်ဖြစ်ပြီလား"

Jungkook၏ အမေးစကားကြောင့် Taehyung ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ Jungkook ၏မိဘတွေနှင့် တွေ့ဆုံရတော့မည်မို့ Taehyung စိတ်လှုပ်ရှားနေမိသည်။ အရင်ကလည်း တွေ့ဖူးတယ်ဆိုပေမယ့် အခုတစ်ခါတွေ့ဆုံမှုနှင့် မတူညီသည်လေ ။ အခုက Jungkook ၏ ချစ်သူအနေနှင့် လာတွေ့တာဖြစ်၏ ။ မိဘတွေရဲ့ တုံ့ပြန်မှုကို တွေးကြည့်ရုံမျှဖြင့် Taehyung ကြောက်လန့်နေမိသည်။ အစက ကျောင်းပြီးမှသာ မိဘတွေကို လိုက်တွေ့မည်ဟု Taehyung ဆုံးဖြတ်ထားသည် ။ သို့ပေမဲ့ ဒီကြားထဲ Jungkookကို တခြားတစ်ယောက်နှင့် တွေ့ပေးမှာစိုးတာကြောင့် အခုလိုလိုက်လာရတာဖြစ်၏။ ချစ်သူလေးကို Taehyung စိတ်မှမချနိုင်ဘဲ။

"Taehyung ... အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့။မင်းကြောက်စရာမလိုဘူးလေ"

"ငါမသိတော့ဘူး... သူတို့က ငါ့ကိုလက်ခံနိုင်ပါ့မလား"

"လက်ခံနိုင်မှာပါ .. ငါ့မိဘတွေက  မင်းကိုချစ်ပါတယ်ကွ"

"အခြေအနေကမတူတော့ဘူးလေ .... အရင်ကတော့ မင်းရဲ့သူငယ်ချင်းမို့ သူတို့ကငါ့ကိုချစ်ပေးနိုင်တာ ။ ဒါပေမဲ့ အခုက..."

Taehyung ဆက်ပြောမည့်စကားတို့ကို Jungkook သိပုံရ၏ ။ Taehyung ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာသည်။ အဲ့ဒီလက်တွေက နွေးထွေးလွန်းပါ၏။

"ငါ့ကိုယုံ ... ငါကမင်းဘက်မှာ ။ ငါ့မိဘတွေလက်မခံနိုင်လည်း ငါဂရုမစိုက်ဘူး ။ အဆုံးထိ ငါရွေးချယ်မယ့်သူက မင်းပဲ Taehyung"

Taehyung ပြုံးလိုက်မိသည် ။ Jungkook ကိုရွေးချယ်ခဲ့သည်ကို Taehyung ဘယ်တော့မှ နောင်တရလိမ့်မည်မဟုတ်တော့ပေ ။ Jeon Jungkookက Taehyung အတွက်တော့ အရာအားလုံးထက်ပိုပြီး အဖိုးတန်လွန်းနေတော့၏ ။

"အင်း ... ငါမကြောက်တော့ဘူး ။ ငါ့ဘေးမှာမင်းရှိနေရင် အရာအားလုံးကို ငါရင်ဆိုင်ရဲတယ်.... တစ်လောကလုံးဆိုရင်တောင်မှပေါ့"

နှစ်ယောက်သား လက်တွေကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ကြပြီး အိမ်ထဲကို ဝင်လိုက်ကြသည် ။ အချစ်ရဲ့သတ္တိတွေအပြည့်မို့ သူတို့ဘာကိုမှ ကြောက်လိမ့်မည်မဟုတ် ။

From Best Friend To Bed Friend(Completed)Where stories live. Discover now