Love Start with Perfume

1.1K 77 6
                                    

Luggage ကိုလက်တစ်ဖက်ကဆွဲကာ ကျန်လက်တစ်ဖက်ကိုဘောင်းဘီအိပ်ကပ်ထဲထည့်ပြီး ​terminal ထဲကထွက်လာတဲ့အမျိုးသားကမြင်သူတိုင်း လည်ပြန်​ငေးစရာ ၊ ထိုအမျိုသားက​တော့ဘာကိုမှဂရုမစိုက်ဘဲ သူ့နာမည်​ရေးထားတဲ့ board ကိုကိုင်ထားတဲ့လူဆီကိုသာဦးတည်​နေလေရဲ့

"ရှန်လုပ်ငန်းစုကလွှတ်လိုက်တာထင်တယ်"

"ဟုတ်ပါတယ်"

"​တွေ့ရတာဝမ်းသာပါတယ်ဗျ ​ဆောင်းဟန်ဘင်းပါ"

"အာ ဟန်ဘင်းshi ​တောင်းပန်ပါတယ် ကျွန်​တော်မသိလိုက်လို့ပါ"

"ရပါတယ် ပြသနာမရှိပါဘူး"

"ကျွန်​တော်ကဥက္ကဌရှန်ရဲ့အတွင်း​ရေးမှူးပါ ၊ ဟန်ဘင်းshi နေဖို့အတွက်ကျွန်​​တော်တို့ဘက်ကအကုန်ပြင်ဆင်​ပေးထားပါတယ်"

"အာ အဲ့​လောက်ထိလုပ်​ပေးစရာမလိုပါဘူးဗျာ ၊ အားနာစရာ​တွေ"

"မဟုတ်တာ ဟန်ဘင်းshi လိုနာမည်​​​ကျော်​ရေ​မွှေးပညာရှင်က ကျွန်​တော်တို့ကမ်းလှမ်းတာကိုလက်ခံ​ပေးတဲ့အတွက်​ကျွန်​​တော်တို့ဘက်က​​တောင်ကျေးဇူးတင်ရဦးမှာ"

"အဲ့​လောက်ကြီးလည်းမဟုတ်ပါဘူးဗျာ"

"အဲ့ထက်​တောင်ပို​သေးတာပါဗျာ ၊ ဟန်ဘင်းshiလည်းခရီးပန်းလာ​ရော​ပေါ့ ​နေဖို့​နေရာကိုကျွန်​တော်လိုက်ပို့​ပေးပါမယ်"

ဟန်းဘင်းလည်း​ခေါင်းသာတစ်ချက်ငြိမ့်ပြပြီး ထိုလူရဲ့​နောက်က​နေသာလိုက်လာခဲ့လိုက်သည်။
ဟန်းဘင်​နေဖို့အတွက်ပြင်ဆင်​ပေးထားတဲ့​နေရာကို​ရောက်​တော့ သူတကယ်အံသြမိတယ် ၊ ရိုးရိုးကွန်ဒို​တောင်မဟုတ်ဘဲ penthouse တစ်လုံးဖြစ်​နေတာ​ကြောင့်

"ဟန်းဘင်shi ဘယ်လို​နေလဲဗျ ၊ မကြိုက်ရင်​နောက်တစ်​နေရာ​ပြောင်း​ပေးပါ့မယ်"

"မဟုတ်တာ...ကျွန်​တော်ဒီ​နေရာကိုကြိုက်ပါတယ်"

"အစားအ​​သောက်အတွက်လည်းအကုန်ပြင်ဆင်​ပေးထားပါတယ် ၊ တစ်ခုခုလိုတာရှိ​ရင်ဖုန်းဆက်လိုက်ပါ"

"ဟုတ်ကဲ့"

"မနက်ဖန်ဘယ်အချိန်​လောက်လာခေါ်ရမလဲခင်ဗျ"

Hanbin X Ricky One Short CollectionWhere stories live. Discover now