"ဟန်ယူဂျင်း ငါမင်းကိုသဘောကျတယ်"
"အားတော့နာပါတယ် စီနီယာ ၊ ကျွန်တော်သဘောကျတဲ့သူကသပ်သပ်ရှိပြီးသားဗျ"
သူ ယူဂျင်းရဲ့စကားကိုကြားပြီးတော်တော်အံသြသွားမိသည် ၊ သူလိုတစ်မိုးအောက်တစ်ယောက် young and rich , tall and handsome ရှန်ချွမ်ရွေ့ (ခေါ်) ရစ်ခီရှန် ကိုတောင်ငြင်းရလောက်အောင်ထိ ဟန်ယူဂျင်းသဘောကျနေတဲ့လူက ဘယ်လောက်တောင်များချောနေလို့လဲ ၊ တစ်ခါလောက်တော့တွေ့ဖူးချင်ပါရဲ့
သူအတွေးလွန်ကာ သူ့တက်ရမည့်အတန်းကိုကျော်သွားမိ၍ ဂယူဗင်း လှမ်းအော်မှသာ သတိပြန်ဝင်လာသည်။
"ပြောစမ်းပါဦး ဘာတွေတွေးနေလို့ ကိုယ်တက်ရမယ့်အတန်းကိုတောင် ကျော်သွားရတာလဲ"
"Crush ကိုဖွင့်ပြောတာ သဘောကျတဲ့လူရှိတယ်ဆိုပြီး ငြင်းလွှတ်လိုက်လို့"
"မင်း crush တဲ့လူကောရှိသေးတာလား"
"ဟေ့ရောင် ငါ့ကိုလာရွဲ့နေတာလား ၊ စိတ်ညစ်နေပါတယ်ဆို ဆွဲထိုးလိုက်ရ"
"မင်းကလည်းစိတ်ကြီးဘဲ ငါတကယ်မသိလို့ဟာကို"
"ဘယ်သိမလဲ ကိုယ့်သူငယ်ချင်းကိုတောင် ဂရုမစိုက်နိုင်ဘဲ သင်တန်းက ကလေးလေးဆိုတဲ့တစ်ယောက်ကိုကြောင်နေပြီးတော့"
ရစ်ခီ့အပြောကိုသူတစ်ဟီးဟီးလုပ်ပြီးတော့သာမျက်နှာချိုသွေးရတော့သည်။
"အခုမှလာပြီးမျက်နှာချိုသွေးမနေနဲ့ မသိရင် မြည်းဟီနေသလိုဘဲ နားညီးတယ်"
ရှန်ချွမ်ရွေ့တို့များ ပြောလိုက်ရင်တစ်လုံးတစ်ခဲကြီး ဒီလောက်ချောတဲ့သူ့ကိုများပြောရဲတယ် အံသြပါ့
"ဘယ်တုန်းကတည်းက ပြောဖို့ချောင်းနေလဲမသိဘူး"
"ဘာလည်း မကျေနပ်ဘူးလား"
"ထားပါတော့ကွာ ၊ ပြောစမ်းပါဦး လုံးဝ perfect ဖြစ်နေတဲ့ ငါ့သူငယ်ချင်းကြီးကိုတောင် ငြင်းလိုက်တယ်ဆိုတော့ ဘယ်သူများလဲ "
"IT ပထမနှစ်က ဟန်ယူဂျင်း"
"ဘာ!!!!!!!"
"လန့်လိုက်တာကွာ ဘယ်လိုဖြစ်လို့အဲ့လောက်တောင်အော်နေတာလဲ!!"
YOU ARE READING
Hanbin X Ricky One Short Collection
FanfictionCatnyanz One Short တွေအကုန်ဒီမှာရေးသွားမှာပါ