မနက်ခင်းလေးတစ်ခုမှာ နှိုးစက်လေးဟာသူရဲ့တာဝန်အတိုင်း အချိန်မှန်မြည်လာခဲ့ပါသည် ၊ သို့သော်လည်းခေါင်းအုံးနဲ့ကောက်ပေါက်မှုကြောင့် ကြမ်းပြင်ပေါ်ကိုပြုတ်ကြကာခွမ်းခနဲ
"သေစမ်း!! နောက်ကျပြီ"
ရှပ်ပြာရှပ်ပြာနိုင်လွန်းတဲ့သူ့အကြောင်းသူသိတာကြောင့် မနေ့ညက interview အတွက်မှန်ကြည့်ပြီးအစမ်းလေ့ကျင့်နေတာ ၁ နာရီကျော်လောက်မှအိပ်ဖြစ်တာကြောင့် မနက်မိုးလင်းတော့ မြည်တဲ့နှိုးဆက်ကိုခေါင်းအုံးနဲ့ကောက်ပေါက်ပြီး ပြန်အိပ်နေတာ အခု ၈ နာရီထိုးနေပြီ
ရေချိုးခန်းထဲပြေးဝင်ပြီး အရင်လိုအေးဆေးမချိုးနိုင်ဘဲ မျက်နှာသစ် သွားတိုက် ရေတစ်ခွက်လောင်း ဆပ်ပြာတိုက်ကာ ဆပ်ပြာပြောင်ရုံလောက်ရေလောင်းပြီး အမြန်ထွက်ကာ မနေ့ညထဲကပြင်ဆင်ထားတဲ့ အနက်ရောင် formal suit ကိုကောက်စွပ် ပေါင်မုန့်တစ်ချပ်ကိုပါးစပ်မှာကိုက် ရေခဲသေတ္တာထဲကစတော်ဘယ်ရီ နို့တစ်ဘူးယူကာ အိမ်ကနေအမြန်ထွက်လာခဲ့ရသည်။
ရစ်ခီ ကားမှတ်တိုင်ရောက်တော့ လိုအပ်တဲ့စာရွက်တွေအကုန်ပါမပါပြန်စစ်ပြီး ကားအလာကိုထိုင်စောင့်ကာ စတော်ဘယ်ရီနို့ဘူးသာသောက်နေလိုက်သည် ၊ သူနာရီကြည့်လိုက်တော့ ၈ နာရီခွဲနေပြီ ၊ အိမ်ကနေအကုန်ပြင်ဆင်တာက မိနစ် ၂၀ နဲ့ပြီးပေမယ့် သူ့စီးရမယ့်ကားကဒီနေ့မှနောက်ကျနေတာကြောင့် သူ့မှာထိုင်မနေနိုင်တော့ဘဲဖင်တကြွကြွနဲ့
နောက်ထပ် ၁၀ မိနစ်လောက်နေမှရောက်လာတဲ့ကားကြောင့် ရစ်ခီကားပေါ်ကိုအမြန်ပြေးတက်ပြီး ဆင်းမယ့်တံခါးနားကလွတ်နေတဲ့ခုံမှာသာဝင်ထိုင်လိုက်သည် ၊ ကားလမ်းမပိတ်ရင် ၉ နာရီမထိုးခင်အမှီရောက်နိုင်တာကြောင့် ကားလမ်းမပိတ်ဖို့ဘဲမျှော်လင့်သည်။
သူဆင်းရမယ့်မှတ်တိုင်ရောက်တော့ ၉ နာရီထိုးဖို့ ၅မိနစ်အလို ၊ နောက်ကျနေပြီဖြစ်တာကြောင့် တံခါးအဆုံးထိပွင့်တာတောင်မစောင့်နိုင်ဘဲပြေးဆင်းလာတာ ကားသမားလှမ်းအော်တာခံလိုက်ရသေးသည် ၊ ဒါလည်းဂရုမစိုက်နိုင် ၅ မိနစ်အတွင်း interview ဖြေမယ့်အခန်းရှေ့ရောက်ရမှာကြောင့် သုတ်ခြေတင်ပြေးရတော့တယ် ၊ တော်သေးတယ် မားမားကအရပ်ရှည်အောင်မွေးပေးထားလို့ အမြန်ပြေးနိုင်တာ
YOU ARE READING
Hanbin X Ricky One Short Collection
FanfictionCatnyanz One Short တွေအကုန်ဒီမှာရေးသွားမှာပါ