Unicode
လူတိုင်းမှာ အချစ်ဦးနဲ့လွဲဖူးကြသလား
ကိုယ့်ကိုယ်အရမ်းချစ်တဲ့သူနဲ့ကော
ဒါမှမဟုတ် ကိုယ်ကအရမ်းချစ်ရတဲ့သူနဲ့ကောလွဲဖူးကြလား''ကဲမြန်မြန်လုပ်ပါရှင်ရယ် သမီးကစောင့်နေတော့မယ်"
''မိန်းမရယ် အေးဆေးပေါ့သမီးလေယာဉ်ကမဆိုက်သေးပါဘူး"
''ရှင်ပြောလိုက်ရင်ဒီလိုကြီးပဲဘယ်တော့မှပြင်ဆင်ထားမယ်မရှိဘူး"
''ကဲပြီးပါပြီဗျာ"
''ကားထဲစောင့်နေမယ်မြန်မြန်ဆင်းလာ"
''သွားနှင့်"
ဦးထင်ကျော်နှင့် ဒေါ်ယုနွယ်တို့မှာ ပြင်သစ်မှမြန်မာနိုင်ငံသို့ပြန်လာမည့် တစ်ဦးတည်းသောသမီးလေးကိုသွားကြိုရန်အလုပ်ရူပ်နေကြသည် ဒေါ်ယုနွယ်မှာစောစောစီးစီးပြင်ဆင်ပြီးသော်လည်း ဦးထင်ကျော်ကနောက်ကျနေသည်မို့ ပွစိစိလုပ်နေရခြင်းဖြစ်သည်
''မြင်လားသမီးလေယာဉ်ကမဆိုက်သေးဘူး "
''ရှင်နော်ဘယ်လိုဖြစ်နေတာလဲပုန်ကန်ခြင်နေတာလားကျွန်မကို"
ဒေါ်ယုနွယ်တစ်ယောက်မျက်စောင်းထိုးကာပြောလိုက်ခြင်းကြောင့်
ဦးထင်ကျော်မှမျက်နှာချိုသွေးသောအပြုံးဖြင့်''မဟုတ်ရပါဘူးဗျာ "
မိနစ်အနည်းငယ်စောင့်ပြီးသည်နောက် လေယာဉ်ဆိုက်ပြီဖြစ်၍
ဦးထင်ကျော်နှင့်ဒေါ်ယုနွယ်ဆို့နှစ်ယောက်လည်ပင်းရှည်အောင်မျှော်ရှာနေကြရသည် သူတို့၏သမီးလေးလေပြေ
အေးမှာ ပြင်သစ်တွင်
Designer သင်တန်းကျောင်းသွားသင်သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်သည်''မာမီ နဲ့ ဒယ်ဒီဘာတွေရှာနေတာလဲ"
''သမီးလေး "
''သမီးအရမ်းလှလာလို့လားမှတ်တောင်မမှတ်မိချင်တော့ဘူးဆိုပါတော့"
''ညဉ်းလေးကများပြောရတယ်ရှိသေး ကြားထဲမှာတစ်လဖြစ်ဖြစ်ပြန်လာပါဆိုတာကိုမပြန်လာဘူးအိမ်ရောက်မှကောင်းကောင်းကိုဆူရအုန်းမယ်"
ကဲပါယုနွယ်ရယ်ဆူဖို့ကိုနောက်ထားအုန်းလာလာပြန်ရအောင်"
''ဟုတ်ပါ့ဒယ်ဒီ လာလာမာမီအိမ်ပြန်မယ်"