Part-4💗✨

93 3 3
                                    

Unicode

"ဟား ဟား ဟား ဖြစ်ရလေလေပြေရယ်"

လေပြေမှ မနေ့ကကိစ္စအားရတီကိုပြော‌ပြတော့ ရတီကအားရပါးရရယ်သည်

"မရယ်နဲ့ ဒီကတကယ်လှန့်တာအဲ့တုန်းကဖြင့်"

"အင်းပါ ဟုတ်ပါပြီကွာ"

"ဒီနေ့ကောထပ်လာရင် ဒုက္ခပဲ"

"မပူနဲ့ လေပြေရေ နေ့တိုင်းတော့လာမာမဟုတ်ဘူး သူ့အလုပ်တွေကခပ်ရူပ်ရူပ်ရယ် လေပြေဆီလာဖို့တောင်အချိန်မနည်းလုနေရရှာမာ"

"အင်းအဲ့ဆိုတော့လည်း စိတ်အေးရတာပေါ့"

"ဒါနဲ့နင် ကျောင်းသားဟောင်းတွေ့ဆုံပွဲသွားမာလား "

"ဪအေးငါလဲမေးမလို့နင့်ကို သွားမယ်ဆိုအတူတူသွားဖို့လေ"

"အင်း အဲ့ဆိုတူတူသွားကြ‌တာပေါ့"

"ဒါဆိုအဲ့နေ့မှတွေ့မယ်လေ လေပြေပြန်တော့မယ်လုပ်စရာလေးတွေရှိလို့"

"ဟုတ်ပြီဖြေးဖြေးသွားနော်"

ကားမောင်းရင်းလေပြေတစ်ယောက်အတွေးများစွာဖြင့်

*တွေ့ဆုံပွဲရောက်ရင်လဲအကိုလာမယ်မထင်ဘူး ငါတော့ဘယ်လိုလုပ်ရပါ့ စိတ်ညစ်တာပဲအကိုရယ် ဘာလို့လေပြေကိုခုလိုပြစ်ထားပြီး နှိပ်စက်နေရတာလဲဟင် *

ဒုန်းး

*သွားပြီ ရှေ့ကကားကိုတိုက်မိလိုက်ပြီ*

လေပြေတစ်ယောက်အတွေးလွန်၍ကားမောင်းလာသောကြောင့်မီးပွိုင့်နီကြောင့်ရပ်လိုက်သောအရှေ့မှကားကိုနောက်မှ၀င်တိုက်မိလိုက်သည်

ကားခေါင်းခန်းမှ‌ယောက်ျားတစ်‌ယောက်ဆင်းလာသောကြောင့် လေပြေဘာလုပ်ရမှန်းမသိယောက်ယက်ခက်သွားသည် လေပြေကားပေါ်ကဆင်းလိုက်ပြီးသေချာတောင်းပန်ဖို့သာတတ်နိုင်တော့သည်

"ဘယ်လိုလုပ်လိုက်တာလဲမိန်းကလေး ဒီကားဘယ်လောက်တန်လဲသိလား မင်းလျှော်ပေးနိုင်လို့လား"

ထိုသူပြောချင်လဲပြောချင်စရာပင် လေပြေလိုကားအကြောင်းနားမလည်သူတောင် ဈေးကြီးမှန်းမြင်တာနှင့်တန်းသိသည် သို့သော် လေပြေကလဲ ဘယ်လောက်ပဲဈေးကြီးကြီး ပြင်ခတော့လေပြေသေချာပေါက်တတ်နိုင်သည်

ချစ်ခြင်း၏၀င်္ကပါWhere stories live. Discover now