Unicode"ဖွားဖွားရေသမီးခြံထဲဆင်းပြီးသွားဆော့တော့မယ်နော်"
ခရာနွယ် အော်ပြောရင်း အိမ်ပြင်ပြေးထွက်ခဲ့သည်
"ဟဲ့ဟဲ့ နေအုန်းလေ မနက်စာစားပါအုန်း"
"ခြံထဲမာပဲစားမယ်ဖွားဖွားရေ "
"ဟောဒီကလေးမနဲ့တော့ခက်ပြီ "
ခရာနွယ် ခြံထဲတွင် အိမ်အကူမမများနှင့်ဘော့လုံးကစားတလှည့် ဖွားဖွားခွန့်ကျွေးသော ခေါက်ဆွဲကိုစားတလှည့်အလုပ်ရူပ်နေသည်
"ခရာရေဖမ်း "
ခရာ့ဆီဘော့လုံးပြစ်ပေးတာကြောင့် ခရာဖမ်းလိုက်သော်လည်း ဘေးမှချော်ထွက်သွားသည်
"အာမမကလဲ ရောက်အောင်ပေးပါ"
ခရာဘောလုံးသွားအကောက် သစ်ပင်နှင့်ပန်းချုံအကွယ်တွင်အိပ်နေသောသူကြောင့်
"ဖွားဖွားရေဒီမှာဘယ်သူကြီးလဲသိဘူး"
"အေ ဘယ်သူလဲကွဲ့"
"သိဘူး လာကြည့်အုန်း"
"ဟေ...ဒါဘယ်ကကလေးတုန်းကကွယ် လက်မာတွေလဲပွန်းပဲ့ရာတွေနဲ့ ဟေ့ကောင်ကလေး ထထ ဘယ်လိုဖြစ်လို့ဒီမာလာအိပ်နေတာလဲ ကိုယ်တွေလဲပူနေပါရောလား မိရွှေ သွားသွား ဦးဘမောင်ကိုသွားခေါ် ဒီကလေးကို အိမ်အပေါ်ထပ်ကအခန်းလွတ်ထဲကိုပွေ့ခေါ်ပြီး ဆရာ၀န်ခေါ်လိုက်"
"ဟုတ်ကဲ့ "
"ဖွားဖွားရေ"
"ရှင်"
"အဲ့ကိုကို ကိုလေသူ့မေမေနဲ့ဖေဖေကပြစ်သွားတာလားဟင်"
"ဘာလို့အဲ့လိုမေးတာလဲမြေးလေးက"
"ခရာဆို အဲ့လိုမှမနေရတာ ခရာမာ မာမီကော ဒယ်ဒီကော ဖွားဖွားကောရှိလို့လေ"
"ဒါပေါ့ ဒါပေမယ့်ဒီကိုကို ကိုသူ့ဖေဖေနဲ့မေမေကပြစ်သွားတယ်လို့မပြောရဘူးလေ မိဘဆိုတာသားသမီးကိုပြစ်ရိုးထုံးစံမရှိဘူးကွဲ့"
"ဟိုလေ သခင်မကြီး"
"ပြောစရာရှိတာပြော စကားပုလ္လင်တွေခံမနေနဲ့ ဘမောင်"
ခရာ ဖွားဖွားဖြစ်သူ ဒေါ် ကလျာနွယ် ၏စကားသံမှာလေသံမာမာဖြင့်ပြတ်ပြတ်သားသားရှိလှသည် မျိုးရိုးစဉ်ဆက်ချမ်းသာသူများဖြစ်ပြီး မောက်မာမှုမရှိ ကူညီရိုင်းပင်းတတ်လွန်းသည့် အတွက် အလုပ်သမားများကလဲ လေးစားကြသည်