"ဟယ်..ချောလိုက်တာ"
တဖျက်ဖျက်လက်နေသည့် အကြည့်တို့သည်စိန်ခဲငွေခဲကောက်တွေ့သလို။
"ဒီအဆင်လေးက..ဘယ်သူလဲဟဲ့ငယ်ငယ်"
"ကိုလူချောကိုမေးတာလား"
"နံမည်ကလူချောတဲ့လား..နံမည်နဲ့လူနဲ့ကလိုက်ဖက်ပနံသင့်လိုက်ပါဘိ"
လူချောကိုမနေတတ်လောက်အောင်ကြည့်ပြီး ပြောနေလို့ ကိုယ်တော်ချောကမျက်နှာခပ်လွှဲလွှဲ။
"ကိုလူချော..လေးညိုကိုထူပေးစမ်းပါ"
"အင်း"
ညိုချောကိုထူပြီးဆေးတိုက်ဖို့လုပ်တော့လည်း ခေါင်းအစခြေအဆုံးပိုက်စိတ်တိုက်ကြည့်နေပြန်ကာ...
"အိုးမိုး...လက်ချောင်းခြေချောင်းလေးတွေကသွယ်လျပြီး..ဖုဝါးေစာင်းေတွကနီရဲနုအုနေတာပါလား..မွှေးညင်းနုလေးတွကလည်းအသဲယားစရာ"
"ကိုသောင်း..ကလေးမနေတတ်ဖြစ်နေပါဦးမယ်"
နေမကောင်းတဲ့သူကတားရတဲ့အထိအဖြစ်သည်းလွန်းပါသည်။ သောင်းသောင်းလို့ခေါ်နေကျကို ကိုသောင်းတပ်ခေါ်လိုက်တော့မဲ့ခနဲဖြစ်သွားကာ...
"အဲ့ဒိကိုကြီးကိုနားခါးလွန်းလို့တပ်မခေါ်ပါနဲ့"
"ခင်ဗျားက အဲ့လောက်သတိပေးမှတော်ကာကျတာ.."
ငယ်တိုက်သည့်ဆေးမျိုချရင်းညိုချောကပြောလိုက်တာဖြစ်သည်။
"နေစမ်းပါဦး..ညိုချော..လူချော..ချောနှစ်ချောပါလား"
"ဟုတ်တယ်..ငယ်တို့အိမ်ကဒယ်ဗလယ်ချောတွေလေ"
သောင်းသောင်းကိုငယ်ကပြုံးစိစိနဲ့စကားထောက်လိုက်ကာ...
"တစ်ချောကညိုချော..ေဟာ..နောက်တစ်ချောကလူချော..ငယ်ကတော့မိချောပေါ့..ဟဲဟဲ"
"အဟမ်း"
လေးညိုချောကချောင်းဟန့်သည်။ ရေနွေးကြမ်းပန်းကန်နှင့်ကရေကရာအချိုပွဲတွေကို သောင်းသောင်းစားဖို့မျက်စပစ်ပြလိုက်ကာ...
"လူချော..သွားတော့..မိငယ်..နင်ဟိုတစ်ခါယူလုပ်တဲ့ဆံတုပြန်ရှာလာခဲ့..ဒီနေ့ကအစ်မတော်ငွေတောင်သူေချာ့ရမှာ"

ESTÁS LEYENDO
ကိုယ်လည်းလေလောကီသားပေမို့ ချစ်သဲငယ်ကြင်ပါလှည့်ကွယ် (Completed)
RomanceGenre: Romance, Mystery, Action Start date:5.10.23 End date: 2025 Status: completed (paid gp) စက်မှော်ရုံ: "ခေါင်းငြိမ့်ခေါင်းခါဘာလုပ်လုပ် မင်းရှေ့မှာငါရှိတယ်..ခေါင်းငြိမ့်ရင်ငါ့ကိုချစ်တယ်လို့သတ်မှတ်မယ် ခေါင်းခါရင်ဒီေနရာမှာနှစ်လောင်းပြိုင်ပဲ..စက်မှ...