[ ၁ • ခင်များလည်းလူဆိုးပဲ LeeMark ]

136 17 0
                                    

Unicode
My Future Husband Dr.LEE |





ဟွာဖြောင်း - ဆေးရုံ ။
ကိုရီးယားနိုင်ငံ၏အချမ်းသာဆုံးစာရင်း၀င် LEE မျိုးရိုးမိသားစုဖွင့်လှစ်ထားသည့် ကိုရီးယား၏နာမည်အကြီးဆုံးဆေးရုံဖြစ်သည် ။ ဆေးကျောင်းအောင်အလုပ်သင်ကျောင်းသားများသင်တန်းဆင်းခွင့်ရရှိရန်ခက်ခဲသလို ၊ ဆရာ၀န်များ၀င်ခွင့်ရရှိရန်ခက်ခဲသည့်နေရာလည်းဖြစ်သည် ။ ထိုသို့ဆိုသလို အတော်ဆုံးဆရာ၀န်များစုစည်းနေသည့်နေဆိုလည်းမမှားပေ ။

အလုပ်သင်ကျောင်းသားများကိုသင်တန်းဆင်းခွင့်ပေးရန် နှစ်စဉ်စာမေးပွဲကျင်းပ၍ခေါ်ယူလေ့ရှိသည် ။ ထိုစာမေးပွဲမှ အမှတ်အများဆုံးနှင့်အောင်မြင်သူ ကျောင်းသား၁၀ယောက်ကိုသာခေါ်ယူလေ့ရှိသည် ။

ထို့ကြောင့် ဟွာဖြောင်း၏အလုပ်သင်ကျောင်းသားခေါ်ယူသည့်စာမေးပွဲနီလာသည့်ကာလဖြစ်သည်မို့ ဆေးရုံ၏တာ၀န်ရှိသူတချို့အလုပ်ရှုတ်နေကြသည် ။ အခြားတော့မဟုတ် တစ်နှစ်နှင့်တစ်နှစ်မေးခွန်းကွာခြားအောင်စီစဉ်ရသည်က ဖြေဆိုရသည့်ကျောင်းသားတွေထက်ကိုစိတ်ရှုတ်ရသည် ။ ထို့ကြောင့် ဆရာ၀န်တချို့မှာစာမေးပွဲကိစ္စစီစဉ်ရသည်တာ၀န်ထက် ခွဲစိတ်ရသည့်တာ၀န်ဘက်ကိုသာပြေးသွားကြ၏ ။

" ဒီနှစ်လည်း LeeMark ပဲလား ?"

ဆေးရုံဥက္ကထ Lee မှအထွေထွေရောဂါဌာန၏ဌာနမှုး Kang ကိုမေးလာသည့်မေးခွန်းဖြစ်သည် ။ တိတ်ဆိတ်လွန်းသည့်ဥက္က၏ရုံးခန်း၀ယ်အသက်ရှုသံကအစပဲ့တင်သံပြန်ကြားရသည် ။

" ဟုတ်ကဲ့ဥက္ကထ ။ ဒီနှစ်လည်းစာမေးပွဲအတွက် အထွေထွေရောဂါဌာနရဲ့ခေါင်းဆောင် LeeMark ကပဲစီစဉ်ပါလိမ့်မယ် "

ဌာနမှုး Kang ၏စကားကိုကြားသည့်အခါဥက္ကထကြီး Lee ကပြုံးသည် ။ LeeMark ဟာသူ၏ဆေးရုံတွင်သူသဘောကျရဆုံးသည့် ဆရာ၀န်တစ်ယောက်လည်းဖြစ်သည် ။ သူ၏ဆေးရုံသို့ LeeMark ဟာအမှတ်အပြည့်ဖြင့်ရောက်လာသည့်အပြင် ဆေးရုံတစ်ခုလုံး၏ဆရာ၀န်များထဲမှ အရည်အချင်းပြည့်မှီသည့်အထူးချွန်ဆုံးဆရာ၀န်တစ်ယောက်အဖြစ်သတ်မှတ်ခံထားရသောကြောင့်ပင် ။

" ကောင်းပြီ , သူအားရင်ဒီကိုလွှတ်လိုက်ပါဦး ဌာနမှုး Kang ။ စာမေးပွဲကိစ္စအတွက် သူနဲ့စကားပြောချင်လို့ပါ "

𝗠𝘆 𝗙𝘂𝘁𝘂𝗿𝗲 𝗛𝘂𝘀𝗯𝗮𝗻𝗱 𝗗𝗿.𝗟𝗘𝗘Where stories live. Discover now