Unicode
My Future Husband Dr.LEE |Kim NaEun ပြန်ရောက်သည့်နေ့ , LeeMark မွေးနေ့မရောက်မှီ ၁ ရက်အလိုဖြစ်သည် ။
ည ၉ နာရီအချိန်ခန့်ရှိပြီဖြစ်သော်လည်း ပွဲတော်အတွက်ကြောင့်အော်ဒါများကျနေသည့်အတွက်ဆိုင်ပိတ်ဖို့အတွက်မအားသေးပေ ။ အကိုချန်းမှာလည်းစိုတ်ခင်းထဲမှယူလာသည့်ပန်းများကိုပန်းစည်းဖို့အတွက်ရာပြင်ဆင်ရင်အလုပ်ရှုတ်နေရသည် ။ အလုပ်သမားအပိုမရှိသည့်အတွက် နှစ်ဦးသားမှာပုံမှန်အချိန်ထက်နှစ်ဆပိုပင်ပန်းလို့ရယ် ။
" Haechan ဒါပြီးရင်ပြန်လိုက်လေ ။ အကိုနေခဲ့ပြီး ဆိုင်သိမ်းပြီးမှပြန်လိုက်မယ် "
" ရပါတယ် အကိုချန်းရာ ။ နှစ်ယောက်ရှိတာကို ဘာလို့တစ်ယောက်ထဲအပင်ပန်းခံမှာလည်း , မရပါဘူးနော် "
" ဟုတ်ပြီ ဟုတ်ပြီ ။ အဲ့ဒါဆိုအမြန်လက်စသတ်ကြတာပေါ့ "
" အင်း "
အလုပ်လုပ်နေရပြီဆိုလျှင်အရာအားလုကိုမေ့ထားတက်တဲ့ညီကိုနှစ်ယောက်ပါပင် ။ ယခုအချိန်ထိညစာပင်မစားရသေးပေ ။ ထို့ကြောင့်လုပ်လပ်စများကိုအမြန်ပင်လက်စသက်ကာ အမြန်ဆုံးဆိုင်ပိတ်ဖို့ရာလုပ်ဆောင်နေကြသည် ။
" Haechan !"
လုပ်လက်စများကိုလက်စသတ်ပြီးသိမ်ဆည်းစရာများကိုသိမ်းဆည်းနေစဉ် ဆိုင်ထဲသို့၀င်လာသည့်အမျိုးသမီးတစ်ဦး၏ခေါ်သံကြာသည့်အခါ နှစ်ယောက်သားဆိုင်အဏသို့လှည့်ကြည့်လာကြသည် ။ နို့နှစ်ကဲ့သို့ဖြူဥနေသည့်အသားအရေ ၊ မဟော်ဂနီအရောင်ဆံပင်အရှည်အတွန့်လိပ်တို့နှင့်ဘအနောက်တိုင်းသူသဖွယ်လှပလွန်းသည့်အမျိုးသမီးတစ်ဦး ။ မြင်မြင်ချင်းမှာပင် အကိုချန်းရော Haechan ပါ ငေးကြည့်လို့နေမိသည် ။ စိတ်ထဲမှာတော့ ဘယ်သူဘယ်ဝါဆိုတာကိုအသည်းအသန်မှတ်မိအောင်းကြိုးစားနေကြသည် ။
" နာအွန်းနူနား ?"
" နာအွန်း !"
ဘယ်သူဆိုတာကိုမှတ်မိသွားကြတဲ့နှစ်ဦးသားမှာတော့ သူမလေး၏နာမည်ကိုနှုတ်ဖျားလှုပ်ရုံသာခေါ်ဆိုလာကြသည် ။ ၃နှစ်အတွင်းသူမလေးပြောင်းလဲစွာလှပလာမှုကြောင့် မြင်သူတိုင်းကအံ့ဩရသည်အထိ ။ အားလုံးကသူမလေးကို စာဂျပိုးအလုပ်သရဲလေးဟုသတ်မှတ်ထားပြီး ရေခြားမြေခြားမှာစာနှင့်ပင်အချိန်ကုန်ပြီးပြန်လာခဲ့မဟုတွေးမှတ်ထားကြသော်လည်း သူလေးကတော့မသွားခင်ကပုံစံနှင့်မတူစွာ ပြန်ရောက်ရှိလို့လာခဲ့သည် ။