ကောင်းကင်ယံမှာ လရောင်ဖြာနေတဲ့ ညနက်နက် ~
အိပ်မက်ဆိုးတွေကနေလန့်နိုးတဲ့သူ။
အသက်ရှူရကြပ်လွန်းလို့ ထပ်အိပ်မပျော်တော့တဲ့သူ။
တင်းမာသည့် မျက်နှာပေးရှိနေပေမဲ့ ပါးပေါ်က မျက်ရည်စီးကြောင်းတွေပေါ် ထပ်မံဖြတ်သန်းလာလေသော
တားဆီးနိုင်ခြင်းမရှိတဲ့ မျက်ရည်စက်တွေ အဆက်မပြတ်ကျဆင်းနေတဲ့သူ။ဒါတွေအားလုံးရှင်းမ်အွန်ဂျောင်ပဲဖြစ်သင့်တယ်။
ဘာကြောင့်များသူမက ခံစားနေရမှာလဲ.... ။ရင်ဘတ်အနက်ရှိုင်းဆုံးကနေ ပူတက်လာသလိုခံစားချက်ကြီးကြောင့် ယယ်ရင်းဟာ အသက်ကိုပြင်းပြင်းရှူထုတ်ရင်း အနွေးအင်္ကျီထူထူကိုဝတ်ရင်း ညလေညှင်းလေးခံရဖို့ အိမ်ထဲမှထွက်လာခဲ့တော့သည်။
.
.မျက်နှာလှလှပေါ်ပေါ် တိုက်ခတ်တိုးဝှေ့လှတဲ့ ညလေစိမ်းတွေဟာ သူနဲ့ရှင်းမ်အွန်ဂျောင်းရဲ့ ဆက်ဆံရေးသကဲ့သို့အေးစက်လှသည်။
နေရင်းထိုင်ရင်း လေလေးတိုက်တာတောင် အသားလွတ်ရှင်းမ်အွန်ဂျောင်ကိုတွေးမိလို့ သူမက စုတ်တစ်ချက်သပ်လိုက်သည်။
အမှန်တကယ်ကိုပင် အလွန်ခံပြင်းလှသည်။ခေါင်းထဲက အတွေးတွေကို ခါထုတ်ရင်း ယယ်ရင်းမ်ဟာ ပတ်ဝန်းကျင်ရဲ့ ညအလှကိုပဲ ဝေ့ဝဲကြည့်လိုက်သည်။
သို့သော်သူမတွေ့လိုက်ရတာကတော့ တံတားလက်ရမ်းပေါ်၌ မတ်တပ်ရပ်နေသည့် လူရိပ်တစ်ခုပင်ဖြစ်သည်။ညအမှောင်ထဲ အတည်ပြုရန်ခက်ခဲလှပေမဲ့ ဝေဝေဝါးဝါးပုံရိပ်ကိုအာရုံစိုက်ပြီးကြည့်တော့ ဒါဟာ သူမရင်းနှီးသည့် မျက်နှာတစ်ခုပင်ဖြစ်သည်။
" ရှင်းမ်အွန်ဂျောင်... ?? "
ခပ်တိုးတိုးရေရွတ်မိလိုက်တဲ့ နာမည်နာမနောက် ဗွမ်းဆိုတဲ့ ရေသံကျယ်ကြီးဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။
" ရှင်းမ်အွန်ဂျောင်း!!!!!! "
" ရှင်းမ်အွန်ဂျောင်း!!!!!! "