그럴만한 이유가 있었다

468 38 21
                                    

" စောဏက ဂျီအွန်းတို့နဲ့က ဘာဖြစ်တာလဲ "

စိတ်ဝင်စားဟန်ဖြင့် အလေးနက်မေးတော့ ချစ်စရာ ယယ်ရင်းက သူ့စကားကို နှုတ်ခမ်းဆူပြီးတုံ့ပြန်ရှာပါသည်။

" ဘာလို့လဲ ? အဆက်ဟောင်းကိုထိတော့နာတာလား "

" ဟာ မဟုတ်ပါဘူး ဘယ်ကအဆက်ဟောင်းတုန်း "

" မသိပါဘူး သူများအကြောင်း စိတ်မဝင်စားပဲ အခုမှတကူးတကမေးနေလို့လေ "

ချစ်မိသွားလို့လားမသိ သူ့ကိုဆို အမြဲ ကန့်လန့်ပြောတဲ့ မိန်းမကလည်း ဘာနေနေကိုချစ်ဖို့ကောင်းနေတော့တာ ဒုက္ခပါပဲ။

" မင်းကိုစိတ်ပူလို့ပါ သူတို့က ကောင်းတဲ့သူတွေမဟုတ်တော့
ပြသနာဖြစ်နေမှာဆိုးလို့ "

" ပြသနာဖြစ်ရင်ကော.... ? "

" ............. "

" နင်ကငါ့ဘက်ကမဟုတ်ပဲ ဟိုကောင်မဘက်ကပါဖို့လား "

" အာ.. ယယ်ရင်းမ်ကလည်း မင်းဘက်ကပေါ့ကွာ "

" ဒါဆို နင်က ငါ့ကို ကာကွယ်ပေးရင်ဖြစ်တာပဲကို "

ကန့်လန့်တွေပဲပြောရင်း ဒိုင်းခနဲဆိုသလို ရင်ဘတ်ထဲ ထိအောင် ပစ်ပေါက်လိုက်တဲ့ စကားတစ်ခွန်းကြောင့် အွန်ဂျောင်းရဲ့ နှလုံးသားလေးဟာ ဗလောင်ဆူသွား၏။

ကော်ဖီဆိုင်ရဲ့ ထောင့်ကျတဲ့ ဝိုင်းမှာ နှစ်ယောက်ဘေးဆိုင်ထိုင်နေတဲ့အနေအထားလေးမို့ စိတ်ဆန္ဒသာပါလျှင် နှစ်နှစ်ကာကာပွေ့ဖက်ပစ်ရင်တောင် သူတို့ကို သတိပြုမိမည့်သူ မည်သူမျှမရှိပေ။

အွန်ဂျောင်းက သူ့အတွေးနှင့်သူ မြူးရင်း ယယ်ရင်းရဲ့ ပုခုံးအစွန်လေးပေါ်အကြည့်ရောက်နေမိတော့သည်။
အကြောဆန့်သလိုလိုနှင့် ပုခုံးကိုမသိမသာလေးဖက်ရင် ကောင်းမလား။ ဒါမှမဟုတ် သိသိသာသာပဲ ရင်ခွင်ထဲကောက်ပွေ့ပြီး " ကာကွယ်ပေးမှာပေါ့ အချစ်ကလေးရာ " ဟုပြောလိုက်ရင်ကောင်းမလား ဝေခွဲမရဖြစ်နေလေတော့သည်။

နောက်ဆုံးတော့လည်း ကျားမဟုတ်တဲ့ကြောင်၊ ကြောင်တာတောင်မှ သူရဲဘောကြောင်တဲ့ကောင်ကြီးသူက မသိမသာလေးဖက်ဖို့ကိုပဲရွေးပြီး လက်တွေကို အကြောဆန့်သကဲ့သို့ဆန့်တန်းထုတ်လေတော့သည်။

SHE WAS SHE || Sim Eunjeong X Lim YerimWhere stories live. Discover now