Fate

115 10 1
                                    

ဒီဘဝက ရှုပ်ထွေးနေ။

ဒီရက်ပိုင်းမှာ တော်တော်လေးကိုရှုပ်ထွေးနေ။
ဖခင်က ကျောက်ကပ်စစ်ရ၊ မိခင်က သားအိမ်အောင့်လို့နဲ့ ရင်ဆိုင်နေရသမျှက တစ်ခုနဲ့မကတော့။

များစွာသောအရှုပ်အထွေးတွေကြားမှာ အကောင်းဆုံးရှင်သန်ဖို့ ကြိုးစားချင်ပေမယ့် ယိုင်နဲ့နဲ့ရယ်......။
ပင်ပန်းလိုက်တာလို့ ထုတ်မညီးဖြစ်ပေမယ့် ပေါ့ပါးခဲ့တဲ့နေ့ရက်တွေကို တမ်းတမ်းတတနဲ့။

အရာအားလုံးက ဖယ်ရှားလို့မရအောင် တို့ဆီမှာပုံပိနေသွားတာပဲ။ ရှိနှင့်ပြီးသားဖြစ်တဲ့ခက်ခဲတဲ့ ကံတရားကနည်းနည်းထက်ပိုပြီးအရောင်ရင့်သွားသလိုနဲ့။

ဒီလိုနဲ့ပဲ ပျောက်ဆုံးနေတဲ့တို့ရဲ့စိတ်ဝိညာဥ်ကိုရှာတွေ့ဖို့ ဒီနေရာကပဲပြန်ပြီးအားယူရအုံးမယ်......

MyselfWhere stories live. Discover now