Pov:
ငါ့မှာရည်စားလေးတစ်ယောက်ရှိတယ်...သူ့နာမည်ကဇော်ရှိုင်းထက်တဲ့....
သူကအရမ်းဇီဇာကြောင်တာ အခုလည်းပွစီပွစီနဲ့ငါ့ကိုအခန်းထဲမှာပဲအနားယူဖို့တိုက်တွန်းနေပြန်ပြီ
ငါကပုံမှန်နေမကောင်းယုံလေးပါ ဒါကိုသူကအတင်းအနားယူခိုင်းနေတယ်...စိတ်ညစ်ပါတယ်~~ဟီးဟီး စတာ ငါ့ကိုကိုကငါ့ကိုဒီလောက်ချစ်တာစိတ်ညစ်စရာလား.....
" မောင်! ဆေးသောက်ဖို့မှာထားခဲ့တာမသောက်ဘူးလား! "
တွေ့လား ရောက်တာနဲ့ငါ့ကိုတန်းဆူတာပဲ ငါကလည်းငါပဲ မာမီတို့ပြင်ပေးသွားတဲ့ဆေးကိုမသောက်ပဲ ငါ့ကိုကိုအကြောင်းပဲထိုင်တွေးနေမိတာလေ....
အခုတော့ကြည့် သူဆူပါပြီ...!ကိုကိုကလေ ငါ့ထက်လေးနှစ်ကြီးပေမဲ့ငါ့ထက်နုတယ် ကလေးလေးအတိုင်းပဲ...
ငါ့ကိုဆူတဲ့အချိန်လေးပဲသူကတည်ငြိမ်တာ...အခုတော့ပွစီပွစီပြောနေတဲ့အသံလေးနားထောင်ရင်ဆေးသောက်လိုက်ပါအုံးမယ်လေ...
မဟုတ်ရင်ကိုကိုကငါ့ကိုခြိမ်းခြောက်တက်သေးတယ်
" မောင်! မင်းစကားနားမထောင်ရင် ငါမင်းဆီမလာတော့ဘူးနော် "ဘယ်နေနိုင်ပါ့မလဲဗျ ကိုကို့ကိုတစ်ရက်မတွေ့ရရင် ငါ့မှာရူးမလိုဖြစ်တာ...
.
.
.
.
{မောင့် ကိုကိုက လူလိမ်လေး}ငါ့ကိုကိုကလူလိမ်သိလား ငါစကားနားမထောင်ရင်မလာတော့ဘူးဆိုပြီ ငါလိမ်လိမ်မာမာနဲ့ဆေးမှန်မှန်သောက်တာတောင် ငါ့ကိုလာတွေ့တဲ့ချိန်နည်းသွားတယ်....
တစ်ခါတစ်လေဆိုငါအိပ်မောကျမှရောက်လာလို့ ငါ့မှာသူ့အသံလေးပဲကြားနေရတယ်...
မောင့်ကိုကိုကလူလိမ်လေး သူ့စကားနားထောင်တာတောင် ငါ့ကိုမှန်မှန်လာမတွေ့ဘူး....!
ဂါးးးး စိတ်ဆိုးလိုက်တာ
.
.
.
.
.
{ကိုကိုရေ...!}
ငါဆေးမှန်မှန်သောက်လို့နေကောင်းတော့မယ်လို့ငါ့မေမေပြောတယ်...ဒါပေမဲ့သိလား ငါ့ကိုကိုနဲ့ငါမတွေ့ရတာ၃ရက်ကျော်ကြာပြီ...
ငါအရမ်းလွမ်းတာပဲ...လွမ်းလွန်းလို့ရူးကြောင်ကြောင်ဖြစ်ပြီ ဘာမှန်မသိတဲ့အိပ်မက်တွေအမြဲမက်နေရော...
ငါအဲ့အိပ်မက်ကိုအရမ်းမုန်းတာပဲ...
ကိုကိုရဲ့ဓာတ်ပုံဘောင်ရှေ့မှာ ငါက ကိုကိုအကြိုက်ဆုံးလီလီပန်းတစ်ပွင့်တင်နေတာတဲ့ဘယ်လိုတောင်နမိတ်မရှိနမာမရှိလဲ...!
.
.
.
.
{Stay....}ကိုကိုကပြောတယ် သူGoodbye my baeဆိုတဲ့သီချင်းကိုအရမ်းကြိုက်တာတဲ့....
လီလီပန်းအဖြူလေးကိုအဖြူရောင်အုတ်ဂူလေးပေါ်တင်ရင်ငါ့ဖုန်းလေးနဲ့ Goodbye my baeဆိုတဲ့သီချင်းကိုဖွင့်လိုက်တယ်....
ငါပြောပါတယ် ငါက ကိုကို့ကိုမတွေ့ရရင်ရူးမှာပါလို့...
တကယ်လည်းငါ့ဟာရူးသွားခဲ့ပေမဲ့ ကိုကိုကငါ့ကိုရူးခွင့်မပေးခဲ့ဘူးလေ...တကယ်ပါပဲ မောင့်ကိုကိုကတစ်ကိုယ်ကောင်းဆန်လိုက်တာ!
.
..
Se Moodလေးရေးချင်နေလို့အပိုင်းတိုလေးရေးလိုက်တာအဆက်မရှိပါဘူးနော်...
နောက်ပြီ တစ်စုံတစ်ယောက်ကိုမှထိခိုက်စေရန်မရည်ရွယ်ပါဘူး အဆင်မပြေရင်ပြန်ဖျတ်ပေးပါ့မယ်နော်💛🙏
![](https://img.wattpad.com/cover/365988054-288-k706825.jpg)
YOU ARE READING
Stay...!(one short)
FanfictionBaby, don't you cry now What's the time now? It's goodbye, my baby Hold me in your arms just like you do VitaShine