Part.9

7.1K 112 0
                                    

Unicode

မှန်ထဲမှာမြင်နေရတဲ့ကိုယ့်ကိုယ်ကိုပြန်ကြည့်ရင်းဖွဲ့ပြုံးလိုက်မိသည်။
ခရမ်းနုရောင်ရင်ပြတ်ဇာဂါဝန်လေးကသူမကိုယ်ပေါ်မှာလှလှလေးနေရာယူထားပြီးမိတ်ကပ်လိမ်းလိုက်တော့သူမမျက်နှာကနဂိုရှိရင်းစွဲထက်ပိုလှသွားသယောင်။

''ကဲ ပြီးရင်သွားကြတော့မလား''

သူမအားမိတ်ကပ်ပြင်ပေးတဲ့အစ်မကဆိုလာ၏။
ကိုကြီးကသူမအတွက်makeup artistကိုတောင်မှအိမ်အထိခေါ်ပေးထားတာပင်။

သူမအခုလိုအလှမပြင်စဖူးပြင်ထားတော့ကိုကြီးရှေ့သွားရမှာနည်းနည်းရှက်သလိုပင်။

သူမဂါဝန်လေးကို'မ'ပြီးလှေကားမှတစ်ဆင့်တရွေ့ရွေ့ဆင်းလာလိုက်သည်။
သူမဆံနွယ်ရှည်တွေအားမိတ်ကပ်ဆရာမကအခွေအလိပ်ကလေးတွေကောက်ပေးလိုက်ပြီးကျောက်ပန်းခတ်လေးတွေနဲ့အလှဆင်ပေးလိုက်သေးသည်။

မှိုင်းမျက်လုံးထောင့်ကမြင်လိုက်ရတဲ့ခရမ်းရောင်အရိပ်လေးကြောင့်သူမြန်မြန်ဆန်ဆန်လှည့်ကြည့်လိုက်တော့သူ့ကလေးငယ်ကတစ်ကယ်လှနေလိုက်တာများအရုပ်မလေးသဖွယ်။

တံမြက်စည်းလှည်းနေတဲ့ခွာညိုကလည်းသူမကိုမော့ကြည့်ပြီး

''ဝါးး မမလေးကလှလိုက်တာအရမ်းပဲ သူများတွေငေးတော့မှာသေချာတယ် ကြည့်လို့တောင်မဝဘူး တစ်ကယ်မင်းသမီးလေးကျလို့''

မှိုင်းကခွာညို့အားမမှိန်မသုန်စိုက်ကြည့်ပြီး

''နင်ဘာလို့ငါ့မိန်းမကိုငါ့ထက်ပိုပြီးချီးကျူးနေတာလဲ နောက်တစ်ခါငါ့ထက်ပိုပြီးမချီးကျူးနဲ့ ငါပဲချီးကျူးမယ်''

သူပြောပြီးလှေကားရဲ့နောက်ဆုံးထစ်မှာရပ်နေသောဖွဲ့ထံလျှောက်သွားလိုက်ပြီး

''အရမ်းလှတယ်ကလေးငယ် ကိုကြီးရင်တောင်ခုန်လာပြီ''

အနားကမိတ်ကပ်ဆရာမကပြုံးစေ့စေ့နှင့်

''ကျွန်မကိုခွင့်ပြုပါဦး''

ဟုဆိုကာအိမ်ထဲမှထွက်သွားလေသည်။

''ကိုကြီးကအရမ်းအပိုတွေပြောတာပဲ''

သူဖွဲ့လက်ကိုယူကာသူ့ရင်ဘတ်ပေါ်တင်ပေးပြီး

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now