Unicode
''နင့်ကိုခုပြန်လိုက်ခဲ့လို့ပြောနေတယ်နော် ငါနင့်ကိုနှစ်လလုံးလုံးလိုက်ရှာနေခဲ့ရတာ တော်တော်ဂြိုဟ်မွှေတဲ့ကောင်မ ငါဟိုဘက်မှာဘယ်လောက်ရှင်းလိုက်ရလဲသိလား ခုပြန်လိုက်ခဲ့''
''မလိုက်ဘူး သမီးကိုလွှတ်''
စောစောစီးစီးနားထဲတိုးဝင်လာတဲ့အသံကခပ်ဆူဆူ။
ဖွဲ့မျက်လုံးကိုလက်နဲ့ပွတ်ကာအသာအယာဖွင့်လိုက်ရင်းဘေးမှာအိပ်ပျော်နေသောကိုကြီးအားလက်မောင်းမှလှုပ်နှိုးကာ''ကိုကြီး ထဦး''
''အင် ကလေးငယ်ကလည်း အစောကြီးရှိသေးတာကို''
''ဖွဲ့အသံတစ်ခုကြားတယ်ကိုကြီးရဲ့''
ထိုအခိုက်...
''နင်ငါ့ဒေါသကိုလာဆွမနေနဲ့ ခုလိုက်ခဲ့''
''သမီးနာနေပြီအမေ''
ကွားလိုကျရတဲ့အသံကပီပီသသ။
''ဒါငွေဇင့်အသံပဲကိုကြီးရဲ့''
ပြောပြီးဖွဲ့ကုတင်ပေါ်ကပြေးဆင်းပြီးပြတင်းပေါက်နားသွားရပ်ကာအသံလာရာကိုထွက်ကြည့်တော့မိန်းမတစ်ယောက်ကငွေဇင့်အားဆံပင်ကနေဆွဲဆောင့်နေတာပင်။
''ဟင် ငွေဇင်''
ဖွဲ့ချက်ချင်းပဲအလန်းထဲကပြေးထွက်လာခဲ့လိုက်၏။
ထိုအခါမှမှိုင်းလည်းအိပ်ရာမှကမန်းကတန်းထကာဖွဲ့နောက်ကပြေးလိုက်လာလေသည်။ဖွဲ့ခြံရှေ့ထိပြေးလာပြီးငွေဇင့်ဆံပင်ကိုဆွဲနေသောမိန်းမရဲ့လက်ကိုဖြုတ်ချပြီးငွေဇင့်ကိုသူမဘက်ဆွဲခေါ်လိုက်ပြီး
''အဒေါ်ဘာလုပ်တာလဲ''
''ဟဲ့ ငါ့သမီးကိုငါပြန်လာခေါ်တာဘာဖြစ်လဲ မိငွေဇင် ညည်းအခုချက်ချင်းငါနဲ့ပြန်လိုက်ခဲ့ ငါ့ကိုပြဿနာရှာခဲ့တဲ့ကောင်မ ခုလာခဲ့''
ထိုအမျိုးသမီးကငွေဇင့်လက်ကိုဆွဲတော့ဖွဲ့လက်ကိုဖြုတ်ချပြီး
''သူမှမလိုက်ချင်တာအဒေါ်ရဲ့ အဒေါ်ပြန်ပါ''
ငွေဇင့်အမေကဖွဲ့ကိုဆောင့်တွန်းလွှတ်လိုက်တာကြောင့်ဖွဲ့နောက်ကိုခြေလှမ်းသုံးလှမ်းလောက်ဆုတ်သွားရပြီးလူကလဲကျမလိုဖြစ်သွားရသည်။
သို့သော်ကိုကြီးကနောက်ကနေထိန်းလိုက်၍သူမမှာကံကောင်းသွားရ၏။
YOU ARE READING
တစ်ဦးတည်းသောသတို့သမီး[completed]
Romansလူကြီးချင်းသဘောတူတာကအမြွှာညီအစ်မထဲကအကြီးမနဲ့ပေမယ့် အငယ်မလေးကိုမြင်မြင်ချင်းချစ်မိပြီးအရယူလိုက်တဲ့ကိုကြီး