အပိုင်း(၁)

1 0 0
                                    

[Unicode]
"အား..ကျစ်...ငါ ငရဲမှာရောက်နေတာလား"
တစ်ဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကို ကိုင်ရင်း လက်ကောက်ဝတ်ကိုအားပြုလို့ ထိုင်လိုက်ရသည်။

သည်အခန်း....သည်ပုံစံ....ငါ့အိပ်ခန်းထဲမှာလား....ဘာတွေဖြစ်သွားတာလဲ...
ရှန်ထူးခေတ် ကိုယ့်ကိုယ်ကိုပြန်စမ်းရင်း အိမ်မက်များမက်နေသလားလို့ ထင်မိသည်။

မဟုတ်သေးဘူး...အိမ်မက်သာဆိုရင် ဘယ်နာပါ့မလဲ
ဒါမှမဟုတ် ငါ ...ပြန်မွေးဖွားလာတာလား

ကုတင်ပေါ်ကနေ ပြေးဆင်းရင်း စားပွဲပေါ်မှာတင်ထားတဲ့ ပြက္ခဒိန်ကိုကြည့်မိသည်။
နိုဝင်ဘာ ၁၃ ၂၀၂၄
ဒါဆို တကယ်ကြီး ပြန်မွေးဖွားလာတာပဲ။
ရှန်ထူးခေတ် ဝမ်းသာမိပေမဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြန်တွေးမိတော့ နှလုံးသားက အလိုလိုနာကျင်လာရသည်။
"မင်း သိပ်ရက်စက်တာပဲ မဏိရာ"

ပြန်လည်မွေးဖွားလာပြီးတဲ့နောက်ပိုင်း သူသိလိုက်ရတာက "ရှန်ထူးခေတ်" ဆိုတဲ့သူက တကယ်တမ်းကျ အမြှောက်စာဇာတ်ကောင်လေးပါပဲ..။
"ချည်နှောင်ခြင်းရဲ့ထာဝရတစ်သက်စာ" ဆိုတဲ့ ဝတ္ထုမှာ ဇာတ်လိုက်မနဲ့ဇာတ်လိုက်တို့ပေါင်းဖက်ဖို့အရေး ခြေနင်းတုံးလေးဟာ "ရှန်ထူးခေတ်" ဆိုတဲ့ သူကိုယ်တိုင်ပါပဲ။
ဇာတ်လိုက်ကို သူချစ်ခဲ့မိတယ် ဒါကြောင့်ပဲ သူသေဆုံးသွားခဲ့ရတယ်...
အစက သူထင်ခဲ့တာက "မဏိ"က သူချစ်ခဲ့သလို တစ်ချိန်ချိန် ပြန်ချစ်လာလိမ့်မယ်လို့..။
အဆုံးသတ်ကျ သေဆုံးခြင်းနဲ့သာ နိဂုံးချုပ်သွားခဲ့ရတယ်...
သေဆုံးခြင်းရဲ့အကြောင်းအရင်းကလည်း ဇာတ်လိုက်မကို ပြန်ပေးဆွဲမိတဲ့အတွက်ကြောင့်ပဲ။

ကမ္ဘာမြေကြီးရဲ့နတ်ဘုရားတွေက သူ့ကို ပြန်မွေးဖွားစေခဲ့တယ်...အဲ့တာက ဘာအတွက်ကြောင့်လဲဆိုတာ သူမသိဘူး...သူသိတာက မဏိကိုချစ်ပေမဲ့ သူ့အသက်လေးကိုတော့ စောင့်ရှောက်ရမယ်ဆိုတာပါပဲ။

"သားရေ..."
အခန်းအပြင်ဖက်ကနေ တံခါးခေါက်သံနှင့်အတူ အမေဖြစ်သူရဲ့အသံကိုပါ ကြားလိုက်ရသည်။

အတိတ်တုန်းက သူ့ရဲ့မိုက်မဲမှုတွေကြောင့် မိသားစုရဲ့စီးပွားရေးပျက်စီးခဲ့ရသည့်အပြင် မိဘနှစ်ပါးလည်းစိတ်ဆင်းရဲခဲ့ရသည်။ နောက်ဆုံးတွင်တော့ ပြိုင်ဖက်တွေရဲ့ထိုးနှက်မှုကြောင့် အဖေဖြစ်သူက ဆေးရုံတွင်လဲလျောင်းခဲ့ရပြီး မိခင်ဖြစ်သူမှာ ကားအက်ဆီးဒင့်ဖြင့် ဆုံးပါးခဲ့ရသည်။
   ဒါတွေအားလုံးရဲ့ တရားခံက "ရှန်ထူးခေတ်" ဆိုတဲ့ သူ့ကြောင့်ပဲ။

CírcleWhere stories live. Discover now