မဏိရဲ့အိမ်ဆိုသည်မှာ သူ့ကိုယ်ပိုင်ဗီလာပင်ဖြစ်သည်။ ကျောင်းပြီးကတည်းက မိသားစုနဲ့သက်သက်ခွဲနေခဲ့သည်။
ထိုအချိန်တုန်းက မဏိပြောဖူးတာကတော့
သူ့ကိုယ်ပိုင်မိသားစုရှိလာတဲ့အခါနေရအောင်လို့ သက်သက်စီစဥ်ထားခဲ့ခြင်းဖြစ်သည်တဲ့လေ..။
မဏိတို့က သူတို့လိုမဟုတ် မျိုးရိုးစဥ်ဆက်ချမ်းသာခြင်းဖြစ်သည်။ ရှန်ထူးခေတ်ရဲ့မိဘတွေကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း စီးပွားရေးကိုကြိုးစားလုပ်ကိုင်ခဲ့သဖြင့် ကြီးပွားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ဖြစ်လာအောင်လည်း အဖေနှင့်အမေက အတော်ပင်ပန်းခဲ့ရသည်။သူသာ သိတတ်ခဲ့ပါရင်~~~
"ခေတ် လာ "
ကျယ်ဝန်းသော အိမ်ခန်းအတွင်း မဏိတစ်ယောက်တည်းသာနေကြောင်း သူသိသည်။ မဏ်ရဲ့အမေက သန့်ရှင်းရေးလုပ်ဖို့အတွက် တစ်ပတ်တစ်ခါ အဒေါ်ကြီးတစ်ယောက်ကို လွှတ်ပေးလေ့ရှိသည်။
"မင်း စားဖို့ ငါတစ်ခုခုသွားလုပ်ပေးမယ် ထိုင်နေဦး"
ပြောပြောဆိုဆိုဖြင့် မဏိ ထွက်သွားသည်။ဆိုဖာပေါ်ထိုင်ရင်း ဟိုအရင်အတိုင်းရှိနေသည့် ဝန်းကျင်က်ို ကြည့်လိုက်သည်။
သည်နေ့က အမှန်တကယ်ဆို ဇာတ်လိုက်မနှင့် ဆုံကြမည့်နေ့ပင်။ သူပြန်မွေးဖွားလာခြင်းက လားရာကိုဆန့်ကျင်လိုက်တာကြောင့် ပြောင်းလဲနေပြီလား...."မဏိ ငါ မင်းကိုချစ်တယ် "
သူ့စကားကြောင့် မျက်ဝန်းအစုံမှေးကျဥ်းကာ ကြည့်လာတဲ့ မဏိ။
" မင်း !!"
" ငါ မင်းကိုချစ်တယ်"
နောက်တစ်ကြိမ်ထပ်ပြောလာပြန်တဲ့စကားကြောင့် မဏိ 'ကျစ်'ခနဲ စုပ်သပ်လိုက်သည်။
" မင်းက အခြောက်လား"
'အခြောက်'ဆိုတဲ့စကားကြောင့် ရှန်ထူးခေတ်ရင်ထဲ ဆစ်ခနဲ နာကျင်သွားရသည်။
"ငါမခြောက်ပါဘူး "မဏိ ပါးစောင်ထဲကို လျှာထိုးထည့်ရင်း စိတ်ပျက်သလ်ိုမျိုး သူ့ကိုကြည့်လာခဲ့သည်။
" မင်း မခြောက်ဘူးဆိုရင် ငါ့ကို ဒီလိုပြောစရာမှမရှိပဲ"
"ငါက အခြောက်မဟုတ်ဘူး...ငါက မင်းကိုပဲချစ်တာ ငါ ဘယ်ယောက်ျားကိုမှမကြိုက်ဘူး...မင်းသိတယ်မဟုတ်လား...ငါ မင်းကိုချစ်နေတယ်ဆိုတာ... မင်း..!!"
" ငါ မင်းကိုမကြိုက်ဘူး...မင်းမှမဟုတ်ဘူး ငါက ဘယ်ယောက်ျားကိုမှမကြိုက်ဘူး ငါကအဖြောင့် ပြီးတော့ ငါက မိန်းကလေးတစ်ယောက်နဲ့ပဲ လက်ထပ်မှာ ....ဟိုမှာ ငါ့ချစ်သူလာနေပီ"
YOU ARE READING
Círcle
Randomအတိတ်ကအမှားတွေကို ပြန်ပြင်ဆင်ဖို့ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်ဖြစ်တဲ့ "ရှန်ထူးခေတ်" သေဆုံးသွားပြီးတဲ့နောက်ပိုင်း သူရှင်သန်ရာကမ္ဘာကြီးဟာ တကယ်တမ်းကျတော့ ဝတ္ထုတစ်ပုဒ်ဖြစ်နေခဲ့ပြီး..သူချစ်ရတဲ့သူရဲ့လက်နဲ့ သေဆုံးခဲ့ရတာကြောင့် ပြန်ရရှိလာတဲ့ဘဝကို အကောင်းဆုံ...