Part 1

278 8 3
                                    

ဂျိုဆွန်းပြည်

ချမ်းသာကြွယ်ဝသည် ပစ္စည်းဥစ္တာပေါများသည်။
စစ်တပ်အင်အား တောင့်တင်းပြီး လွယ်လွယ်တိုက်ခိုက်လို့မရတဲ့ အင်အားကြီးနိုင်ငံ။

ဂျိုဆွန်းဘုရင်သည် ထိုသည့်တိုင် နယ်ချဲ့မှုများ အဆင်မပြတ်လုပ်ဆောင်လျက်ရှိသည်။

တိုင်းပြည်မဟုတ်သည့် မျိုးနွယ်စုလေးတွေ မချန် အကုန် ဂျိုဆွန်းလက်အောက်သို့ သိမ်းသွင်းသည်။

တိုင်းပြည်တချို့သည် မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မယှဉ်နိုင်တဲ့အတွက် ကပ်ဖားရပ်ဖားသာ လုပ်ကြရသည်။

ဂျိုဆွန်းပြည်၏ လက်အောက်သို့ မကျရောက်ချင်တဲ့ တိုင်းပြည်များသည် မဟာမိတ်ပြုလုပ်ရန် ကမ်းလှမ်းကြသည်။

သူတို့တိုင်းပြည်၏ မင်းသမီးငယ်လေးများကို ထိုးကျွေးကာ ငြိမ်းချမ်းရေးယူချင်ကြ၏။ ထိုမှသာ သူတို့တိုင်းပြည် လွတ်ကင်းမည်ဟု ထင်မြင်ယူဆကြသည်။

ဂျိုဆွန်းပြည်တွင် အဆင့်အတန်း သုံးမျိုး ခွဲခြား၏။
အထက်တန်းစား သာမန်လူတန်းစားနှင့် ကျွန်များ ဟူ၍ ရှိသည်။
အထက်တန်းလွှာတွေ နေထိုင်သောအရပ်သည် သာမန်လူတန်းစားများနှင့်မတူ တစ်သီးတသန့် ရှိသည်။
ကျွန်များကို အထက်တန်းလွှာများက ပိုင်ဆိုင်သည်။

ကြိုက်သလို ခိုင်းစေပြီး ညှင်းဆဲမှုများ ရှိသည့်တိုင် အရေးယူ၍မရပေ။
အထက်တန်းလွှာသည် ဂျိုဆွန်းပြည်၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်။

ဂျိုဆွန်းပြည်၏ အစည်ကားဆုံး ဖြစ်တဲ့ ဟန်ယန်းမြို့၏ ဈေးတစ်နေရာ၌ အပြာရောင်ဝတ်စုံနဲ့ အမျိုးသားတစ်ယောက်သည် တစ်လှမ်းချင်း လျှောက်လှမ်းလာ၏။

ပုံစံကို ကြည့်သည့်တိုင် အထက်တန်းလွှာမှန်းသိသာစေသော ပိုးသားဖြင့် ပြုလုပ်ထားတဲ့ အထည်ကို ဝတ်ဆင်ထားပြီး ခေါင်းဆောင်း အနက်ရောင်ဖြင့် ကွယ်ဝှက်နေသော မျက်လုံးများသည် စူးရှလျက်...
မျက်နှာတစ်ဝက်အား ပဝါဖြင့် အုပ်ထားသည့်အတွက်ကြောင့် ဘယ်လိုဘယ်ပုံရှိမည်မှန်း လူတွေ မသိပေ။

ဈေးထဲတွင် ဈေးသည်တစ်ချို့၏ အသံများ စကားပြောသံများ ဆူညံနေလျက်...

LOVE DIARY Where stories live. Discover now