Part 6

53 4 0
                                    

Unicode

"ဒီလူစိမ်းတွေကို ဟူရာနယ်မြေထဲမှာ တွေ့ခဲ့တာပါ ခေါင်းဆောင်"

ဂျောင်ဂုတို့ဘေးမှာ တစ်ဖက်စီရပ်‌ေနသည့် ခပ်ထွားထွား လူနှစ်ဦးထဲမှ ယန်းဘေးက လူက ပြောလိုက်ခြင်းဖြစ်သည်။

"မင်းတို့က ဘယ်ကလဲ ဘယ်သူတွေလဲ"

ခေါင်းဆောင်ဟူသော လူ၏ အသံမှာ ဩဇာညောင်းကာ ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဘေးမှ ထယ်ဟျောင်းဟာလည်း မျက်နှာ အနည်းငယ်ပျက်နေ၏

ဂျောင်ဂုသည် ထိုခေါင်း‌ဆောင်အား စိုက်ကြည့်လိုက်ကာ

"ကျွန်တော်တို့က ခရီးသွား ကုန်သည်တွေပါ လမ်းမှာ တောတွင်း ဓားပြတွေနဲ့ တွေ့ပြီး လမ်းပျောက်သွားလို့ပါ"

ဂျောင်ဂု၏ မျက်လုံးကို ကြည့်ပါက ခက်ထန်သော အသွင်ဆောင်ပေမဲ့ စကားပြောကတော့ သနားချင့်ဖွယ်ကောင်းနေ၏။

ထယ်ဟျောင်းလည်း ဂျောင်ဂု ‌အပြောကြောင့် မျက်နှာ ပိုပျက်၏။ စကားကို အမျိုးမျိုး ပြောနိုင်တဲ့လူ။ သူ့ကို ပြောတော့ တစ်မျိုး။

"လိမ်တာ သူက မနေ့က ထယ်ဟျောင်းခေါ်လာတဲ့ လူပဲ"

ထိုအချိန် ဘယ်အပေါက် ဂျောင်ဂျို ဂျောင်ကြားက ထွက်လာလဲ မသိသည့် ထယ်ဟျောင်း၏ သူငယ်ချင်း ဂျပု ဂီဂီသည် ရောက်လာပြီး
ဂျောင်ဂုကို လက်ညိုးထိုးကာ ဆိုလိုက်သည်။

ထယ်ဟျောင်းက ဂီဂီအပြောကြောင့် မျက်လုံးလေးတွေ ဝိုင်းစက်သွားပြီး ရှေ့ထွက်ပြောရန်သာ ပြင်လိုက်တော့သည်။ ဒုက္ခပေးလွန်းတဲ့လူ။

"ဟုတ်ပါတယ် ခမည်းတော် မနေ့က ကျုပ်ခေါ်လာတဲ့လူပါ မနက်ကပဲ နယ်စပ်ထိ ပြန်ပို့ပြီးပါပြီ ဘယ်လိုလုပ်...."

စကားမပြတ်သေးခင်မှာ ထယ်ဟျောင်း ဂျောင်ဂုအား ငဲ့စောင်းကြည့်လိုက်သည်။

ဂျောင်ဂုက‌တော့ သူမဟုတ်သလို ဟိုကြည့် ဒီကြည့် လုပ်နေ၏။

"ထယ်ဟျောင်း!!"

ခေါင်းဆောင်၏ အော်သံသည် ဟိန်းကနဲ ထွက်လာ၏။ ခေါင်းဆောင် ဒေါသ ထွက်လာပြီဖြစ်သည်။

LOVE DIARY Where stories live. Discover now