Chapter 15

528 83 48
                                    


'ကောလဟာလ သတင်းတွေဟာ ပုံမှန်အားဖြင့် အချိန်အတိုင်းအတာ ဘယ်လောက်ထိ ကြာမြင့်တတ်ကြသလဲ?'

Naver (နေဗာ) တွင် ရိုက်ရှာကြည့်ပြီးနောက် website ပေါင်းစုံ၊ platform ပေါင်းစုံမှ အစဉ်လိုက် တက်လာသော စာစုများ၊ ဆောင်းပါးများအား အပေါ်ယံဖတ်ကာ ဆော့ဂျင် သက်ပြင်းချမိသည်။

အောက်မှ တဆက်တည်း လိုက်တက်လာသည့် ဆက်စပ်ရှာဖွေမှုများကိုလည်း ဆော့ဂျင် လိုက်ဖတ်မိသည်။ အားလုံးက rumors ဆိုသည့် ကောလဟာလ၊ အတင်းအဖျင်း၊ သတင်းအတုအယောင်များအား ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည့် နည်းလမ်းများအကြောင်းသာ။

သို့သော် ခက်သည်က သူ နှင့် CEO ကင်မ်ထယ်ယောင်းရဲ့ သတင်းတွေက ကောလဟာလ၊ သတင်းအတုအယောင်မှ မဟုတ်ပဲလေ။ ဆိုလိုချင်သည်က သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ တကယ်တမ်း အမှန်မဟုတ်သော်ငြား public ကိုတော့ အမှန်ဟုသာ ထင်မြင်စေချင်သည်လေ။ ဒါကလည်း CEO ကင်မ်တစ်ယောက် ဖြစ်စေချင်သည့်အတိုင်းပဲလေ။ သို့ပေမယ့် အခုလောလောဆယ် ဆော့ဂျင် ဖြစ်စေချင်သည်မှာတော့ သူ နှင့် CEO ကင်မ်ရဲ့ တွဲသွားတွဲလာပုံတွေအား နေ့စဉ်စီးပွါးရေးသတင်းစာများ၏ ခေါင်းစီးပိုင်း စာမျက်နှာများမှ ပျောက်ကွယ်သွားစေချင်လှပြီ။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သတင်းမီဒီယာတွေ ဖော်ထုတ်လိုက်သည်မှာ ဘာလိုလိုနှင့် တစ်ပတ်တောင် ပြည့်ခါနီးနေပြီ။ သို့တိုင်အောင် ထိုသတင်းတွေက စီးပွါးရေးလောက အသိုင်းအဝိုင်းထဲတွင် နည်းနည်းလေးမှပင် စိတ်ဝင်စားမှု လျော့ဆင်းသွားခြင်း မရှိသေးပေ။ တစ်ခါတစ်ရံ စီးပွါးရေးသတင်းစာမျက်နှာများတွင်သာမက ထိတ်ထိတ်ကြဲ ဆယ်လီတွေနှင့် ပတ်သက်သည့် သတင်းစာမျက်နှာများ၌ပါ ပါပါလာတတ်သည်။

နောက်ဆက်တွဲ အကျိုးဆက်တွေမှာလည်း ထယ်ယောင်း ခန့်မှန်းထားသည့်အတိုင်းပင်။ သတင်းထွက်ပြီးနောက် Victory Group ရဲ့ စတော့ရှယ်ယာစျေးကွက်တွေသည်လည်း တနင်္လာနေ့ မနက် စျေးကွက်အဖွင့်တည်းက တရိပ်ရိပ်နှင့် ထောင်တက်နေခဲ့သည်။ ထိုအခါ Victory Group လက်အောက်မှ ဆက်စပ်လုပ်ငန်းခွဲတွေရဲ့ စတော့တွေသည်လည်း လိုက်မြှင့်တက်ကုန်သလို၊ ပင်မရေသောက်မြစ်ဖြစ်သည့် Kim Group ရဲ့ စတော့တွေပါ လိုက်တက်ကုန်သည်။ ထိုသူ ပြောပြောနေကျ Domino Effect လိုပင်။ တစ်ကွက်လောက် ရွေ့လိုက်ရုံဖြင့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး ဆက်တိုက် အကျိုးသက်ရောက်ကုန်သည့် ဒိုမီနို ကစားနည်းမျိုးပင်။

How To Tame A BEASTWhere stories live. Discover now