Chapter 12

521 81 40
                                    


"မသိရင် နှစ်ဦးနှစ်ဖက် အသိသက်သေတွေနဲ့ ရုံးတက်လက်မှတ်ထိုးသလိုကြီး— အာ့!"

"Shuu!! တိုးတိုးနေ ဂျီမင်!"

ဘေးတွင် ထိုင်နေသော သူငယ်ချင်းဖြစ်သူအား ဆော့ဂျင်တစ်ယောက် တံတောင်ဖြင့် တိုက်ရင်း ခပ်ကြိတ်ကြိတ် သတိပေးလိုက်သည့်တိုင်အောင် ထိုသူက အဖက်ပင် မလုပ်ချေ။ ၃၁ လွှာရှိ ခမ်းနားကျယ်ပြန့်လှသော ရုံးခန်းကြီးအား မျက်လုံးများ အရောင်လက်စွာဖြင့် ပါးစပ်အဟောင်းသား လှည့်ပတ်ကြည့်နေတော့သည်။ ဂျီမင်ကို ကြည့်ရသည်မှာ သူငယ်ချင်းဖြစ်သူ ဆော့ဂျင်တစ်ယောက် ဒီလိုနေရာမျိုး၌ နေ့တိုင်း အလုပ်လာဆင်းနေရသည်ကို ယခုထက်ထိတိုင် မယုံကြည်နိုင်သေးသည့်ပုံပင်။

"MOTS သတင်းနဲ့ စာနယ်ဇင်းတိုက်က ပတ်ဂျီမင်? ဂျီမင်-ရှီက ယွန်းဂီရဲ့ ကုမ္ပဏီမှာ လုပ်နေတာပဲ"

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဟိုဆော့သည် ဂျီမင် ကမ်းပေးလာသော business card လေးအား ကြည့်ရင်းမှ မှတ်ချက်ပေးလာသည်။ ထိုအခါ ဂျီမင်ကလည်း သွက်လက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ရင်း...

"ဟုတ်ပါတယ်။ အယ်ဒီတာချုပ်မင်က ကျွန်တော့်ရဲ့ ဘော့စ်ပါ"

"ယွန်းဂီက ထယ်ယောင်းနဲ့ cousin တော်စပ်တယ်ဆိုတာရော ဂျီမင်-ရှီ သိလား?" ဟိုဆော့သည် ရှေ့နေပီပီ စေ့စေ့ပေါက်ပေါက်မေးသည်။

"ဟုတ်ကဲ့ ကျွန်တော် သိပါတယ်။ သိတာကတော့ သိပ်မကြာသေးပါဘူး။ အဲ့ဒါကလည်း စကားတွေဆက်စပ်မိရင်းက အယ်ဒီတာချုပ်မင်ကိုယ်တိုင် ပြောပြလို့ သိရတာပါ"

"ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ..."

ဟိုဆော့သည် ခပ်ပြုံးပြုံးဖြင့်သာ မှတ်ချက်ပြုပြီးနောက် လက်ထဲမှ business card လေးကို ကုတ်အင်္ကျီအတွင်းအိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ထို့နောက် အလားတူ business card လေးအား ဂျီမင်ဆီသို့ ပြန်ပေးလိုက်ကာ ကိုယ့်ကိုကိုယ် မိတ်ဆက်လာသည်။

"ကျွန်တော်ကတော့ ဂျောင်ဟိုဆော့ပါ။ ထယ်ယောင်းရဲ့ cousin ဆိုလည်း ဟုတ်သလို၊ ကိုယ်ပိုင်ရှေ့နေဆိုလည်း ဟုတ်ပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ် ဂျီမင်-ရှီ"

How To Tame A BEASTWhere stories live. Discover now