Ep 13

4.1K 381 43
                                    

#Unicode

နှစ်ယောက်သားရဲ့ဆက်ဆံရေး ပုံမှန်အတိုင်း လည်ပတ်ရင်း အချိန်တွေကုန်လာခဲ့သည်။သမီးရည်းစားသဘာဝ စိတ်ဆိုး ၊ စိတ်ကောက်တာလောက်တော့ရှိကြပေမယ့် အကြီးအကျယ် ရန်ဖြစ်စကားများတာမျိုးတော့ သူတို့ကြားမှာမရှိခဲ့ ။ ဒါကလည်း တစ်ယောက်မရှိရင်တစ်ယောက် မနေနိုင်တာကြောင့်ပဲ ဖြစ်လိမ့်မည်ထင်၏ ။

"ဘာလိုလိုနဲ့ ငါတို့တောင်ဘွဲ့ယူရတော့မှာပဲနော် "

လရောင်ထိန်ထိန်လင်းနေသည့်ကောင်းကင်ကြီးကိုမော့ကြည့်၍ Taehyung စကားစလိုက်သည် ။ တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်သည့်သဘော ။

"အင်း.. ဘွဲ့ရတာနဲ့ ငါတို့လက်ထပ်မှာနော်"

ထိုစကားကြောင့် Taehyung ပြုံးလိုက်မိသည်။ ဘွဲ့ရဖို့ကို စိတ်ဝင်စားပုံမပေါ်တဲ့ Jungkookက သူတို့လက်ထပ်ဖို့အရေးကိုပဲတွေးနေတော့တာဖြစ်၏ ။ တကယ်တော့ Taehyung ကိုယ်တိုင်လည်း အဲ့ဒီအတွက် စိတ်လှုပ်ရှားနေခဲ့ပါသည် ။

"လက်ထပ်ဖို့ပဲတွေးနေတာလား.. ဘွဲ့ရပြီးရင်ဘာဆက်လုပ်ဖို့ ဆုံးဖြတ်ထားတာလဲ "

"လက်ထပ်ဖို့က နံပါတ်တစ် ဦးစားပေး။ ပြီးရင် မင်းကိုလုပ်မယ် .. ဒါပဲလေ"

ရွှတ်နောက်နောက်ထိုစကားကြောင့် Taehyung မျက်စောင်းထိုးလိုက်သည် ။ Jungkookကတော့ Taehyungကို စနောက်ရသည်ကို ပျော်နေသည်ထင်၏ ... အသံထွက်အောင်ရယ်နေသည် ။

"Jeon Jungkook ! ငါကအတည်တွေပြောနေတာကိုနော်"

Taehyung လေသံခပ်မာမာနှင့်ငေါက်လိုက်တော့လည်း ရယ်လို့နေဆဲ ၊ နည်းနည်းလေးမှ အကြောက်အလန့်မရှိ ။

"ငါကလည်းအတည်ပြောနေတာ Kim Taehyungရဲ့။ မင်းကလွဲရင် ဘာကိုမှမလုပ်ချင်တော့ဘူး"

"ဒါဆိုရင်တော့ လက်ထပ်ဖို့ကိစ္စကိုပြန်စဥ်းစားရတော့မယ်ထင်တယ်"

"ဘာ..ဘာ!"

Taehyungကပြန်ပြီး စနောက်တာပါပဲ ၊ သို့ပေမဲ့ Jungkookကတော့ အထိတ်တလန့်တွေဖြစ်ပြီး မျက်နှာကြီးမည်းမှောင်သွားသည် ။

"ဟုတ်တယ်လေ.. ငါ့ကိုပဲလုပ်မယ်ဆိုတဲ့ယောက်ျားကို ဘယ်လိုယုံကြည်ပြီးအားကိုးရမှာလဲ ။ဒါကြီးက ကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့မတူဘူးလား"

From Best Friend To Bed Friend(Completed)Where stories live. Discover now