" ကိုကို "
"ဟင် မောင် "
ဗီတာတစ်ယောက်ဒေါသကြီးစွာ ရိူင်းဆီကိုလျှောက်သွားသည် ဘာလို့ဆိုသော် ရိူင်းက ယောက်ျားတစ်ဦးနဲ့ ရယ်မောစွာစကားပြောနေခြင်းကြောင့်
" ကိုကို လာအခုပြန်မယ် "
" ခနလေးနေပါအုန်း မောင်ရဲ့ ကိုကိုဒီမှာစကားပြောလို့မပီးသေးဘူးလေ "
" ကိုကိုက မောင်ထက် ဒီကောင်ကို ပိုအလေးပေးနေတာလား"
"မဟုတ်ရပါဘူး မောင်ရယ် သူက ကိုကိုရဲ့ အကိုဝမ်းကွဲမို့လေ"
"အကိုဝမ်းကွဲလည်းမရဘူး ကိုကို ကျနော်နဲ့အခုလိုက်မလား ကျနော်သူကို ဆွဲထိုးရမလား"
"ရန်တော့မဖြစ်ပါနဲ့ ကိုကိုလိုက်ခဲ့မယ်နော် အကို ကျနော်နောက်မှ ဆက်ပြောမယ်နော် "
" ရတယ် ရိူင်း အကိုသွားတော့မယ် မင်းကောင်လေးက တစ်ကယ့်လူဆိုးလေးဘဲ"
"ခဗျားပါးစပ်ကိုပိတ်ထားလိုက် "
" မောင့် တော်ပါတော့ ပြန်ရအောင် လူတွေကြည့်နေပီ"
" လာခဲ့ "
ရိူင်းအား ကားပေါ်ဆွဲတင်ကာ ကားကိုအရှိန်အမြန်ဖြင့် မောင်းနှင်သွားသည် ရိူင်းကတော့ ဘုရားတကာ လိုက်လာရသည် အရှိန် အမြန်နဲ့မောင်းလာတော့ 15မိနစ်နဲ့တင် အိမ်ကိုပြန်ရောက်ခဲ့သည်
ရိူင်းအားကားပေါ်ကဆွဲချကာ အိမ်ထဲကို ဆွဲခေါ်သွားသည်" မောင်ဖြေးဖြေးလုပ်ပါ ကိုလက်နာနေပီ"
" ခဗျားက ကျနော်က စကားကိုအဖတ်မလုပ်တာလား တစ်ခြားသူတွေနဲ့ စကားမပြောနက်လို့ပြောထားတယ်လေ ခဗျားကျနော်ကိုအလေးမထားတာလား "
" အလုပ်ကိစ္စပြောနေတာလေ မောင်ရဲ့ တစ်ခြားသူနဲ့မပြောချင်လည်းပြောရမှာဘဲလေ မောင်ရဲ့"
" ပြောချင်ရင် ရယ်မောပီးပြောစရာလိုလား "
" သူ့က ကိုရဲ့ အကိုဝမ်းကွဲလို့ပြောပီးပီလေ "
" အကိုဝမ်းကွဲလည်းမရဘူး မပြောနဲ့ ကျနော်မကြိုက်ရင် ခဗျား ပြင်လေ"
" ကိုမကြိုက်တာကိုရော မောင်ပြင်ရဲ့လား "
" ကျနော်ကိုအမိန့်ကိုလာမပေးနဲ့ ကျနော်မကြိုက်ဘူး "