လွန်ခဲ့သော 2နှစ်ခန့်က
ရိူင်းတစ်ယောက် Love Cafe ဆိုတဲ့ကော်ဖီလေးမှာထိုင်နေတယ် Love Cafeဆိုတဲ့ဆိုင်လေးရဲ့ အပြင်ဆင်က အရမ်းချစ်ဖို့ေကာင်းတယ် သူကြိုက်တဲ့မိုးပြာရောင်လေးတွေနဲ့ စာအုပ်ဖတ်တဲ့သူတွေအတွက် စာအုပ်လေးများလည်းထားပေးထားတယ် ဓာတ်ပုံရိုက်တဲ့သူတွေအတွက်လည်း ပုံရိုက်ဖို့ကောင်းတဲ့နေရာလေးပေါ့ သီချင်းငြိမ့်ငြိမ့်လေးတွေလည်းဖွင့်ပေးထားတယ် ဝန်ထမ်းတွေကလည်း ဖော်ရွေတယ်
ဆိုင်ပိုင်ရှင်အမကလည်း သဘောကောင်းတယ် အင်း ဆိုင်ပိုင်ရှင်က သူ့ရဲ့ တစ်ဖက်သတ်ချစ်ရတဲ့ကောင်မလေးပေါ့သူမက ရိူင်းထက် အသက်နည်းနည်းကြီးတယ် သူမကလှတယ် ခါးထိရှည်တဲ့ဆံနွယ်လေးကအစ မြတ်နိုးဖွယ်အမြဲမြန်မာဝမ်းဆက်လေးနဲ့ နန်းဆန်တယ် သူမမှာ အရမ်းဆိုးတဲ့ မောင်လေးတစ်ယောက်လည်းရှိတယ် သူမရဲ့မောင်လေးကိုတော့ မမြင်ဖူးပေ ပြောနေရင်း သူမက ရိူင်းရဲ့အနားကို လျှောက်လာသည်" ရိူင်း ရောက်နေတာကြာပီလား"
" ဟင် မမနှင်း မကြာသေးပါဘူး "
" ဟုတ်ပါပီ ရိူင်းက တို့ဘက်ကိုကြည့်ပီးတွေးနေတာ ဘာတွေတွေးနေတာလဲဟင် "
" ဗျာ ဟို ကျနော်က..."
" ဘာတွေရှက်နေတာတုန်း ကြည့်ပါအုန်း မျက်နှာလေးတောင် နီလာပီ "
" မမနှင်းကို ကျနော်ပြောစရာရှိတယ် "
" ပြောလေ ရိူင်းရဲ့ တို့နားထောင်နေပါတယ် "
" ကျနော် အခုတော့မပြောချင်ဘူး မနက်ဖြန် ကန်တော်ကြီးကိုလာခဲ့ေပးပါလား အဲ့ကျရင် ကျနော်ပြောမယ် "
" ရှင်လေးက ရက်တောင်ရွေးနေတယ်ဆိုတော့ ဘာများပြောမလို့ပါလဲနော် ဟုတ်ပီ လာခဲ့ပါမယ်ကွယ်"
" ဟုတ် မမနှင်း "နှင်းနုလိူင် နဲ့ ရိူင်းတို့ စကားပြောနေတုန်း ကောင်လေးတစ်ယောက် ရောက်လာသည် အဲ့ကောင်လေးက
" မမ ဘာလုပ်နေတာလဲ""ဗီဗီ ဘယ်လိုရောက်လာတာ ထူးထူးဆန်းဆန်း"
" မမဆီကမုန့်ဖိုးလာတောင်းတာ သားကို မုန့်ဖိုးပေးအုန်း မေမေက မုန့်ဖိုးဖြတ်ထားလို့"