part 1

15 2 0
                                    

"မိုးတိမ်လွှာဒါကဘယ်လဲ ဟမ်! မင်းအိမ်မှာတစ်ရက်​လောက်ဘယ်မှမသွားပဲနေပါအုန်းလား"

"ဟာဗျာ ဒယ်ဒီကလဲ"

"ဒယ်ဒီကလဲလုပ်မနေနဲ့ အပြင်သွားချင်ရင်နောက်ရက်မှသွား အိမ်မကပ်တာကြာတော့ မင်းရုပ်တောင်ငါမမှတ်မိဘူးဖြစ်နေပြီ"

"ဒယ်ဒီကဗျာဒီသားလေးတစ်ယောက်ထဲရှိတာကိုပြောရက်လိုက်တာ"

"တစ်ယောက်ထဲမို့လို့ပေါ့ကွာနှစ်ယောက်သာဆိုငါခေါင်းမွှေးတောင်မရှိလောက်တော့ဘူး"

"ဟီးး ဒယ်ဒီကလဲ သားကခနလေးပဲသွားမှာပါ ဟိုကောင်တွေနဲ့ချိန်းပြီးသားဖြစ်နေလို့ပါဒယ်ဒီရဲ့ခနပဲလေနော်"

"နော် "နော်ဒယ်ဒီလို့ခနလေးပဲလေ နော်လို့

တစ်ဦးတည်းသောသားလေးလဲဖြစ်မိတဆိုးလေးမို့ကိုယ့်မှာအချစ်ပိုနေရတာကိုခုလဲ​  ဖအေ လက်မောင်းကိုဖက်ပြီးကပ်ချွှဲနေတာကိုပဲကြည့်ဘယ်သူကအလိုမလိုက်ပဲနေနိုင်မှာလဲ အကြောင်းမသိတဲ့သူတွေကတော့ဂျစ်ကန်ကန်နိုင်တယ်ထင်နိုင်ပေမဲ့ဒီကလေးဘယ်လောက်ကလေးဆန်လဲကိုယ်သာအသိဆုံးလေ

"ကယ်သွားသွား ခုမှလာကပ်ချွှဲမနေနဲ့ ညနေတော့စောစောပြန်လာနော်ဒယ်ဒီစိတ်ပူရအောင်မလုပ်နဲ့ "

"ဟီးဟုတ်ကဲ့ပါဗျာ အာ့ကြောင့်မို့သားကဒယ်ဒီ့ကိုချစ်နေရတာ"

"အပိုတွေပါကွာ ကယ်သားသွားစရာရှိတာသွားလေ ကားလဲဂရုစိုက်မောင်းအုန်းနော်"

"Yes Sir

"ဒီကလေးကတော့ကွာ"

မိတဆိုးလေးမို့သားကိုအလိုလိုက်ထားပေမဲ့သားကဟော့ဟော့ရမ်းရမ်းထဲမှာမပါ သားစိတ်ချမ်းသာသလိုနေခိုင်းထားပေမဲ့သားအကြောင်းမှန်သမျှကိုတော့ကိုယ့်လူတွေကိုစောင့်ကြည့်ခိုင်းထားရသည်လေ ဒီသားလေးတစ်ယောက်ထဲရှိတာကို

*******
တိမ်လွှာသူငယ်ချင်းတွေနဲ့ချိန်းထားတဲ့Cafe ကိုရောက်တော့ထောင့်ကျကျဝိုင်းတစ်ခုကိုရွေးပြီးထိုင်နေလိုက်တယ်

ကြာလိုက်တာ ဒီကောင်တွေကတော့သူတို့ပဲချိန်းပြီးကိုယ်ကပြန်စောင့်နေရတာတော့မဟုသေးပါဘူးကွာ

မောင့်တိမ်လွှာ (ခေတ္တရပ်နား)Where stories live. Discover now