part 2

12 3 0
                                    

"သားတည့်တံအလုပ်သွားတော့မလို့လား
မေမေပြောစရာရှိလို့သားအချိန်ရရင်ခနလာပါအုန်း

"ဟုတ်ကဲ့မေမေ ဘာပြောမလို့လဲဟင်

"ဘာရယ်တော့မဟုပါဘူးသားရယ်သားလဲငယ်တော့တဲ့အရွယ်မဟုတော့ဘူးလေအိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီမလား

"သားအဲ့တာတွေစိတ်မဝင်စားသေးပါဘူးမေမေရယ်

"အော်သားရယ် ဒါတော့ဒါပေါ့မေမေပြောချင်တာကသားမှာချစ်သူရည်းစား မဟုလဲသဘောကျတဲ့သူရှိလားမေမေကသိချင်လို့ပါသားရဲ့

"သဘောကျရတဲ့သူလဲမရှိပါဘူးမေမေ ကျွန်တော်အဲ့ကိစ္စတွေမစဥ်းစားချင်သေးဘူး

"ဟုပါပီ မေမေကို့သားသဘောကျနေတဲ့မိန်းကလေးတွေ့ရင်သာပြောသိလားမေမေစီစဥ်ပေးမယ်နော်

"ဟုကဲ့မေမေ ဒါဆိုသားသွားတော့မယ်နော် ဖေဖေ့ကိုလဲပြောလိုက်အုန်းနော်မေမေ

"အွန်းပါ ကားကိုလဲဖြေးဖြေးမောင်းနော်သား

"ဟုတ်ကဲ့

အော်ဒီကလေးနှယ်အသက်လဲငယ်တော့တဲ့အရွယ်မဟု ချစ်သူရည်းစားမပြောနဲ့သူငယ်ချင်းမိန်ကလေးတောင်သားကျောင်းတက်ထဲကထားတာမျိုးတောင်ဒေါ်မေမီမတွေ့မိ တစ်ခါတလေတောင်တွေးမိပါရဲ့သားကယောကျ်ားလေးတွေကိုများစိတ်ဝင်စားသလားလို့လေ ဘာပဲဖြစ်​ဖြစ်ကိုယ်ကမိဘလေသားဘာသာဘယ်သူ့သဘောကျကျကောင်းအောင်စီစဥ်ပေးရမှာကမိဘတွေရဲ့တာဝန်မလားဟွန်း သားအတွက်လဲကိုယ်မှာရင်လေးရပါတယ်လေ

"ဘာတွေသက်ပြင်းချနေတာလဲမေရဲ့

"ဘာရယ်မဟုပါဘူးအကိုရယ် သားအကြောင်းစဥ်းစားနေတာပါ

"သားကလိမ္မာရေးကြားရှိပါတယ်အကိုတို့ပူစရာတောင်မလိုပါဘူး

"ဒါပေမဲ့အကိုရယ်သားကချစ်သူရည်းစားလဲမရှိသေးဘူးမလား တော်ကြာမတော်တရော်မိန်းကလေးတွေနဲ့တွေ့မှာလဲကြောက်ရသေးတယ်လေ ငါမိဘငါစီစဥ်တဲ့သူနဲ့ယူရမယ်ဆိုတဲ့ဝါဒလဲမေမထားချင်ဘူး

"သားကအရာရာစဥ်းစားတွေးခေါ်တက်ပါတယ်မေရဲ့ခု Companyကိုပဲ ကြည့်သူကျောင်းပြီးထဲကဦးစီးနေတာကိုယ်တောင်လှည့်ကြည့်စရာမလိုအောင်စေ့စပ်သေချာနေတာပဲကိုဘာမှစ်ိတ်ပူမနေပါနဲ့တော့

မောင့်တိမ်လွှာ (ခေတ္တရပ်နား)Where stories live. Discover now