Haechan's pov (unicode)

308 27 7
                                    

(Part 1)

လူတွေ အမြဲ ပြောနေကြတာ ရှိပါတယ်၊ ဘာတဲ့ ...

"မိဘတိုင်းက သားသမီးတိုင်းကို အကုန် အတူတူ ချစ်တာပဲ၊ ဘယ်သူ့ကိုမှ ပိုမချစ်ဘူး" ဆိုပြီးလေ။

အဲ့စကားက ကလေးတွေကို စိတ်ကူးယဉ်စေဖို့သက်သက် ပြောကြတဲ့ ယုံတမ်းပုံပြင်တွေလိုပဲ။

တကယ့် လက်တွေ့မှာ ပုံပြင်ထဲက မင်းသားနဲ့ မင်းသမီးလေးလိုမျိုး အသက်ထက်ဆုံး ပျော်ပျော်ရွှင်ရွှင် နေသွားဖို့ဆိုတာ အဲ့လောက် မလွယ်ကူသလို၊ မိဘတွေက သားသမီး တစ်ယောက်ချင်းစီကို အတူတူပဲ ချစ်တယ်ဆိုတာလည်း သိပ်တော့မဖြစ်နိုင်ဘူး မဟုတ်လား?

အခြားမိဘတွေတော့ ဘယ်လိုလဲဆိုတာ မသိတတ်ပေမယ့် ကျွန်တော့်ရဲ့ မိဘနှစ်ပါးကတော့ သားသမီးတိုင်းကို အတူတူ မချစ်ပါဘူး။

ဒီလိုပြောရတာကလည်း ကျွန်တော့်ကို ကလေးတွေလိုမျိုး ပူဆာတာ မရတိုင်း အလိုမကျဖြစ်ပြီး လျှောက်ပြောနေတယ်လို့ ထင်ကောင်းထင်နိုင်ပါရဲ့။

ဒါပေမယ့် ကျွန်တော်တို့ မောင်နှမသုံးယောက်အပေါ် ဖေဖေနဲ့ မေမေရဲ့ ဆက်ဆံပုံက ဘယ်လိုတောင်
သိသာလွန်းစွာ ကွဲပြားလဲဆိုတာ မြင်ရင်တော့ သဘောပေါက်ပါလိမ့်မယ်။

ကလေးဘဝတုန်းကတော့ ထိုယုံတမ်းပုံပြင်တွေကို ကျွန်တော် သိပ်သဘောကျခဲ့သလို ထိုစကားကိုလည်း ယုံကြည်ခဲ့တာပေါ့။

သို့သော်လည်း ယုံတမ်းပုံပြင်တွေကို ကျွန်တော် မုန်းသွားခဲ့တဲ့နေ့ဟာ ထိုစကားဟာ အမှန်မဟုတ်ဘူးဆိုတာ ကျွန်တော် စသိသွားခဲ့နေ့ပင်။

ကျွန်တော် 12နှစ်သား အရွယ်တုန်းကပေါ့ ...

"Haechan အိမ်စောင့်နေခဲ့နော်။ မေမေတို့ ပြန်မလာမချင်း ဘယ်မှ လျှောက်မသွားနဲ့ ကြားလား?"

"ဒါမဲ့ မေမေတို့က ကိုကြီးတို့ကို ကစားကွင်း လိုက်ပို့ပေးမှာဆို ... သားလည်း လိုက်ချင်တယ်လေ"

"အို ... မေမေတို့က ဘယ်ကစားကွင်းမှ မသွားပါဘူး။ ဒီအတိုင်း အပြင်ပဲ သွားမှာပါ။ အိမ်မှာ ဘယ်သူမှ မရှိလို့ မဖြစ်ဘူးလေ ... Haechan လေးက လိမ္မာပါတယ်။ မေမေတို့ ပြန်လာရင် သား ကြိုက်တဲ့ စတော်ဘယ်ရီကိတ် ဝယ်ခဲ့မယ် ဟုတ်ပြီလား?"

solitary souls {markhyuck}Where stories live. Discover now