My stepfather became my husband - 4
ခြံထဲ၌ အမှောင်ရိပ်ကျနေတာကြောင့် သိပ်ပြီး မြင်ရလွယ်တဲ့ မြင်ကွင်းမျိုးတော့မဟုတ်ပေ။လရောင် ကြောင့်သာ မြင်တွေ့နေရတာဖြစ်၏။အတ္တ ဘက်ကသာ ထိုလူလုပ်ဆောင်နေသမျှကို မြင်ရတာ ထိုလူက အတ္တ ကိုလှမ်းကြည့်မယ်ဆို သစ်ကိုင်းတွေနှင့်ကွယ်နေတာကြောင့် မမြင်ရနိုင်ပေ။
အမှောင်ထဲ၌ Lighter မှ မီးငွေ့ထွက်လာသည့်အခါ မီးအရောင်ဟာ မျက်နှာ ဝိုင်းဝိုင်းလေးပေါ် ပျံ့ကျဲကာထင်ဟက်သွား၏။ဆေးလိပ် ကို မီးစွဲသွားသည့်အခါ၌ Lighter ကို ဖယ်ခွာရင်း ဆေးလိပ်၌ ကပ်တွယ်နေသည့် မီးစများဟာ ဖွားကနည်းဖြစ်ကာ တောက်သွားသည်။ဖြည်းဖြည်း ချင်း မီးစာတွေဟာ တိုသွားခဲ့သလို အမှောင်ယံဆီမှ ဆေးလိပ်မီးခိုးငွေ့တွေဟာ တလူလူဖြစ်နေတော့သည်။
ကျန်းမာရေးအကြောင်းအမြဲပြောနေသည့် ဒီလူဟာ ခြံထဲကိုဆင်းကာဆေးလိပ်သောက်နေခဲ့သည်။ထိုမြင်ကွင်းအားငေးကြည့်နေရင်း အတ္တ ကိုယ်တိုင်လည်း အိတ်ထောင်ထဲမှ သိမ်းထားလေ့ရှိသော candy ကိုတစ်ခုကိုထုတ်ကာ အခွံဖယ်ရင်း ပါးစပ်အတွင်းသို့ ပစ်သွင်းလိုက်လျှင်
"ခင်ဗျားကျ ဆေးလိပ်ခိုးသောက်နေတယ်ပေါ့လေ....ဟွန်း...!"
ကြယ်ရောင်စုံတွေကြား ပြည့်ဝန်းနေသည့် လတစ်စင်းလည်းရှိသည်။အမှောင်နရံတွေကြား ထွန်းလင်းနေသလို ကမ္ဘာမြေပေါ်က အမှောင်ရိပ်တွေကြား ထိုလူက ထိုင်နေလျှက် ထင်းကနည်း ထင်းကနည်း ရဲတက်လာသည့် ဆေးလိပ်တစ်လိပ်ကို ကြိုးဆွဲလို့နေသည်။
ကြယ်တွေပြည့်နေသည့်ကောင်ကင်ကြီးထက် ဒီလူကပိုပြီးလှပနေ၏။
ဆေးလိပ်မီးဟာ တဖြည်းဖြည်းမှေးမှိန်လာပြီး မြေပြင်ပေါ်၌ ပျောက်ကွယ်သွားသလို အတ္တ ရဲ့ candy လေးဟာ ခံတွင်းထဲ၌ အရည်ပျော်သွားလေပြီဖြစ်သည်။
အတ္တ အခန်းထဲပြန်ဝင်ရင်း ကုတင်ပေါ်သို့လှဲလျှောင်းကာ အိပ်စက်ပါတော့သည်။
※※※※
"ဆေးလိပ်သောက်မလား... အတ္တ..."
"တော်ပြီ ...."
အတ္တ ဘောင်းဘီအိပ်ကပ်ထဲရှိ Candy တစ်လုံးကိုသာယူပြီး ဖောက်စားလိုက်သည်။ကျောင်းထဲမဝင်ခင် ဆိုင်တစ်ဆိုင်မှာ ထိုင်နေရင်း ဖြိုးသက်လင်း ကဆေးလိပ်ခဲလို့နေသည်။
![](https://img.wattpad.com/cover/365642402-288-k549462.jpg)
YOU ARE READING
My stepfather became my Husband (Mpreg)(Complete )
RomanceSky 💙 "မင်းကလူဆိုးလေးလေ ဆေးလိပ်ငွေ့တွေပြည့်နေတဲ့ ကိုယ့်နှုတ်ခမ်းကို နမ်းခဲ့တာ ကိုယ့်လူဆိုးလေး" Complete