ဝီရလျှံ

3 0 0
                                    

(လျှံ = ရှန် လို့ ဖတ် ပေးပါ ရှင့်)

ရွာသာယာ တိုက်နယ်ဆေးရုံသည်
ကုတင် ၂၀ဆံ့သော ဆေးရုံအငယ်စားလေးဖြစ်သည်။

တာ၀န်ခံဆရာ၀န် (သို့ ) ဆေးရုံအုပ် ၁ယောက်။
အထွေထွေကု ဆရာ၀န် ၃ယောက်နှင့်
Nurse ၅ယောက်သာ ရှိသော ဆေးရုံဖြစ်သည်။
သာမန် နေမကောင်းဖြစ်တာ
ဒဏ်ရာရတာ နဲ့ အရမ်းမဆိုးရွားတဲ့ ရောဂါမျိုးတွေကိုသာ ကုသပေးနိုင်ပြီး မီးဖွားခန်းမှလွဲ၍
ခွဲစိတ်ခန်းနှင့် ပါရဂူများမရှိသောကြောင့်
တစ်ခုခုဆိုရင်တော့ မြို့ဆေးရုံကိုပို့ရသည်။

တာ၀န်ခံ ဆရာ၀န် ဒေါက်တာ ဝီရလျှံဆိုတာကတော့ နာမည်ကြီးဖြစ်သည်။
ခွဲစိတ်ခန်းနှင့် ဆေးပစ္စည်း စက်ပစ္စည်း မလုံလောက်၍သာ မြို့ကိူ လွှဲပေးရပေမယ့်
သူကတော့ ရောဂါမှန်သမျှကို သောက်ဆေးနဲ့ပင် အမြစ်ပြတ်အောက်ကုနိုင်သူလို့
ယူဆကြသည်။

ရွာသာယာရဲ့ အချစ်ခံ ဆရာ၀န်တစ်ယောက်လည်း ဖြစ်သည်။ မျက်နှာတည်တည်နှင့်
အနေ အေးသော လူဖြစ်၍
ရှိန်ကြပေမယ့် တကယ်ပေါင်းသင်းကြည့်မှ
စေတနာကောင်းလွန်းသော မေတ္တာဆရာ၀န်တစ်ယောက်ဖြစ်မှန်း သိရသည်။

ရွာသာယာ တိုက်နယ်ဆေးရုံး၀န်းလေးက သိပ်တော့မကျယ်လှ ။ ရွာကြီး၏ မြောက်ဘက်စွန်းတွင်တည်ရှိကာ စာသင်ကျောင်းနှင့်
မျက်စောင်းထိုးတွင်တည်ရှိသည်။

လျှံအပါအ၀င် ဆရာ၀န် ၄ ယောက်လုံး
ယောကျာ်းလေးတွေသာဖြစ်၍
ဆေးရုံ၏ ကပ်ရပ် ခြံတစ်ခုထဲတွင်
အဆောင်ပုံစံမျိုးလေး ဆောက်ပေးထားသည့် အိမ်တွင်နေကြသည်။
စားရေးသောက်ရေး ကတော့
ချက်ပေးချင် ကျွေးချင်သည့်လူက အရမ်းများလို့ တားတောင်ယူရသည်အထိ။
ခုလက်ရှိတော့ ရွာလူကြီး၏ သမီး မဝေမာ က ချိုင့်နဲ့ ပို့ပေးသည်။ အားနာ၍ လခပေးမည်ဆိုလည်း မရပေ။
စပါးစိုက်သော ရွာဖြစ်၍ ဆန်ကလည်းမရှားတာကြောင့် ထမင်းပိုကျွေးရခြင်းအပေါ်
ကရိကထလို့မမြင်ပေ။

' လျှံ 'က ရန်ကုန်မှာကြီးပြင်းခဲ့သော
လူတစ်ယောက်ဖြစ်သော်လည်း
ဒီရွာကြီးကို ရောက်တာ ၂နှစ်ရှိပြီမို့
သံယောဇဉ်ဖြစ်နေပြီလေ။။။

He's my purity Where stories live. Discover now