ရွာသာယာ ဆိုသော အ၀င်ဆိုင်းဘုတ်လေးနဲ့
ကြီးမားလှသော ကုက္ကိုပင်တန်းရှည်ကြီးများ
၀န်းရံထားသော ကတ္တရာလမ်းလေးအတိုင်း
မောင်း၀င်ခဲ့သည်။လမ်းဘေးတစ်လျှောက် လယ်ကွင်းများနှင့်
စိုက်ခင်းများ၊ အရိပ်ရအပင်တန်းများ
ကောက်ရိုးပုံများနှင့် ကျေးလက်အေငွ့သက်
ခံစားရသည်။အိမ်လေးများကလည်း စီရရီနဲ့ သေသပ်လှသည်။ တစ်ခဏကြာ မောင်းပြီးနောက်
ရွာလူကြီးအိမ်သို့ရောက်၏။အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးဖြစ်ကာ
ဘေးဘက်တွင် နွားတင်းကုပ်နှင့်
ရေတွင်းကြီးတစ်ခုရှိသည်။
ခြံဝိုင်းကို ဆူးကြိုးများဖြင့်ကာရံထားကာ
ခြံတံခါးကတော့ ထရံကာဖြစ်သည်။'' ဗျို့ ဦးစိန်မောင် ။။။... "
မန်နေဂျာ ဦးကျော်က အသံပေးလိုက်တော့
အကြမ်းရေ သောက်နေတဲ့ လူတစ်ယောက်က ကွပ်ပျစ်မှ ထလာကာ
ထရံကာတံခါးကိုဖွင့်ပေးသည်။'' အော် ဦးကျော်မိုး ရောက်လာကြပြီလား
အဖေက ရွာတောင်ပိုင်းက အလှူသွားတယ်
ကျွနိတော့်ကို စီစဉ်ပေးဖို့ မှာခဲ့ပါတယ်
၀င်ထိုင်ကြပါ။''ခြံထဲ၀င်လိုက်တာနဲ့ အရိပ်ရသစ်ပင်တွေကြောင့် အေးငြိမ်းသွားသည်။
အထုပ်များကိုတော့ ကားထဲတွင်ထားခဲ့လိုက်သည်။ ဘယ်မှာ နေရာချမယ်မသိသေး၍" ဒီက ညီက ဆရာလေးမလား
နုနုနယ်နယ်လေးကွာ တယ်ချောတာပဲ''ပွင့်ပွင့်ရှင်းရှင်းနဲ့ ကွမ်းစားထားသော သွားရဲရဲများပေါ်အောင် ရယ်ကာ ပြောလညသည်မို့ ရမန် ပြုံးပြလိုက်သည်။
'' အစ်ကို့ နာမည် ပေတိူးပါ ဦးစိန်မောင်ရဲ့သားကြီး ညီမတစ်ယောက် ရှိသေးတယ်
ဝေမာ တဲ့ သူကတော့ အဖေနဲ့လိုက်သွားတယ်'''' ဟုတ်ကဲ့ အကို ကျွန်တော်က ကျူးရမန်ပါ
အလယ်တန်းကျောင်းမှာ တာ၀န်ကျတဲ့ဆရာပါ''" မြို့ကလူတွေများ နာမည်တွေဆန်းသားကွ
တို့ရွာက ဆရာ၀န်လေး နာမည်ဆိုလည်း
ဝီရဆိုလား ဝေရဆိုလား မိုက်တယ်'''' ဟုတ် အစ်ကို ဒါနဲ့ ကျွန်တော် ဘယ်မှာနေရမလဲ ဗျ''
" ဆရာလေးလို့ပဲ ခေါ်မယ်ဗျာ ။။ ဆရာလေးအတွက် ကျောင်း၀န်းထဲမှာပဲ အခြားဆရာတစ်ယောက်နေတဲ့ အိမ်လေးရှိတယ်
အဲ့ဆရာက ရွာခံပဲ။ သူက အနေအစားသပ်ရပ်တယ်။ အိမ်ကလည်း ၂ယောက်နေဖို့လုံလောက်လို့ အဲ့မှာ နေရာချထားပေးပါတယ်
ဒီမှာ အေးဆေးနားပြီးမှ ပို့ပေးမယ်ဗျာ
ခုက ပူကျွတ်နေတာ ဒီမှာ အကြမ်းရေလေးသောက် လက်ဖက်လေးစားပါ။
ဦး လည်း သုံးဆောင်ပါ။ "'
ရမန့် ဖေဖေ့ကိုလည်း ဖော်ရွေစွာပြောလိုက်သေးသည်။ ဒီအကို အတော် ခင်ဖို့ကောင်းတာပဲ....
YOU ARE READING
He's my purity
Romanceမိဘရင်ခွင်ကနေ အပျံသင်စ ငှက်ကလေးလို ဘ၀ထဲ စတင်လှမ်းမယ့် အဖြူထည် ကောင်ငယ်လေးနဲ့ ရင့်ကျက်သန်မာတဲ့ ဆရာ၀န်ကောင်လေးတို့ ကြားက ချစ်မေတ္တာ🤍