Off- (Winny..မင်း ငါတို့နဲ့ လာမ Joinဘူးလား)
"P'Off..ကျွန်တော်လာမှာလို့ ပြောသားပဲ၊ အလျင်လိုနေတာလား"
Off- (မဟုတ်ပါဘူး..မင်း ဒီကိုလာဖို့ လမ်းကြုံလိုက်ချင်လား)
"အရမ်းကောင်းတဲ့ အစီအစဉ်ပဲ၊ ဒါဆို ကားခမကုန်တော့ဘူး။ လုပ်လိုက်တော့"
Off- (ဒါဆို ငါ့သူငယ်ချင်းကို ဝင်ခေါ်ခိုင်းဖို့ မင်းလိပ်စာပေးလိုက်တော့မယ်)
"ဟုတ်ပြီဗျာ"
Winnyက သူ့အပြင်အဆင်ကို သေချာဂရုစိုက်လိုက်ပြီး P'Offသူငယ်ချင်းလာကြိုမှာကို စောင့်နေလိုက်သည်။
အယ်..စောင့်သာ စောင့်နေရတာ၊ P'Off သူငယ်ချင်းက ဘယ်သူတုန်း။
P'Tayလား၊ P'Tayက သူ့အိမ်လိပ်စာကို သိပြီးသားလေ။
လုပ်ကြပါဦး..ဘယ်သူလဲ။"ဟ..မြန်လိုက်တာ"
Winnyတွေးနေတုန်း အိမ်ရှေ့က ကားဟွန်းသံကြောင့် ချက်ချင်းပင် ထ,ရပ်လိုက်သည်။
"မေမေ..သား အပြင်သွားလိုက်ဦးမယ်၊ P'Offတို့နဲ့ ချိန်းထားတာ ပြီးတော့ အိမ်ရှေ့ကို လာကြိုနေကြပြီ"
Winnyက အခြားအချိန်တွေထက် ချိုသာလွန်းသည့်အသံကို အသုံးပြုလိုက်သည်၊ မဟုတ်ရင် အမေက သူ့ကို အပြင်လွှတ်မှာမဟုတ်ဘူး။
စာမေးပွဲက လိုသေးပေမယ့် သူ့ကို စာလုပ်စေချင်နေတာ၊ သို့ပေမယ့် သူက အိမ်မှာစာလုပ်နေတဲ့ စာကြမ်းပိုးကောင်လေးတော့ မဖြစ်ချင်ပါဘူး။
"နောက်မကျစေနဲ့"
"မေမေ့ကို အချစ်ဆုံးပဲ"
Winnyက သူ့အမေပါးကို နမ်းပြီးသည်နှင့် တစ်ချိုးတည်းလစ်ပြေးတော့သည်။
"အိုး..ဘယ်သူများလာခေါ်တာလဲလို့၊ P'Singtoပါလား။ မတွေ့ရတာကြာပြီနော်"
P'Singtoက ကားဘေးမှာ ရပ်ကာစောင့်နေတာကြောင့် Winnyဝမ်းသာမိသွား၏။
အခြားသူဆို စိမ်းနေဦးမှာ၊ အခုတော့ သူတို့ စီနီယာအစ်ကိုပဲလေ။"Hey..ဖြည်းဖြည်းလာပါ၊ Phiက ဒီမှာရှိပါသေးတယ်"
"နောက်ကျမှာစိုးလို့လေ"
"နောက်မကျပါဘူး၊ မင်းသာ ဒီလောက်မပြင်ဆင်ရင်တော့ စောစောရောက်မှာပေါ့"