ᏞϴᏙᎬᎡ (𝚌𝚑𝚊𝚗𝚌𝚑𝚊𝚗𝚣)

471 20 0
                                    

အုံ့မိုင်းနေတဲ့ကောင်းကင်ကြီးရယ်
အခန်းရဲ့ပြတင်းပေါက်မှာထိုင်ရင်း အသက်တပြင်းပြင်းချနေတဲ့ကောင်လေးရယ်

"အီချန်းယောင်း ထမင်းလာစားတော့"

"မစားချင်သေးဘူး"

"မရဘူး အခုဆင်းလာခဲ့ မဟုတ်ရင်နင်ငတ်ပြီလို့သာမှတ်"

"ဟုတ်ကဲ့"

မစားချင်လည်းစားရမှာပဲ မဟုတ်ရင် ဂျောင်ဆောင်းချန်းဆိုတဲ့ ဦးလေးကြီးက သူ့ကိုအငတ်ထားတော့မှာ
အခုလည်း ဆိုဟီးတို့နဲ့အပြင်သွားတာ အိမ်ပြန်နောက်ကျလို့ဆိုပြီး သုံးရက်အိမ်အပြင်ထွက်ခွင့်ပိတ်ထားလေရဲ့။

ချန်းယောင်းရဲ့ဘ၀အကြောင်းပြောပြပါဆိုရင် ဒရမ်မာကြည့်နေရသလိုဖြစ်နေမှာ
ဘယ်နှယ့် မနေ့တစ်နေ့ကမှ အသက်ပြည့်လို့ပျော်နေတုန်းရှိသေး အိမ်က လင်ပေးစားမယ်တဲ့ ။ တခြားသူဆိုတော်ပါသေးတယ် အခုက ဘေးအိမ်က အဖေကြီးတစ်ယောက်လို လိုက်ချုပ်ချယ်နေတဲ့ ဂျောင်ဆောင်းချန်း။

ဒါပေမယ့်လည်းအဆင်ပြေပါတယ် ရုပ်လည်းချောတယ် အလိုလိုက်လည်းလိုက်တယ် မိန်းမတိုင်းရဲ့နှင်းဆီခိုင်လေးကိုရထားတော့ ပျော်မိသား။
တစ်ခါတစ်လေတော့လည်း စည်းကမ်းတင်းကြပ်လွန်းလို့ စိတ်ညစ်မိတယ်။
တော်သေးတာပေါ့သူ့ထက်သုံးနှစ်လောက်ကြီးတဲ့သူနဲ့ပေးစားလို့ သူ့ထက်ဆယ်နှစ်ကြီးကြည့်ပါလားအီချန်းယောင်းတို့ဘ၀ မတွေးရဲစရာ။

"အခုကဘယ်ကိုခြေလှမ်း လှမ်းနေတာလဲ"

"ဘာကိုသွားရမှာလဲ ခြံထဲမှာလမ်းထွက်လျှောက်မလို့ပေါ့ အဖေရဲ့"

"အီချန်းယောင်း! ငါနင့်ထက်ကြီးတယ် ရိုရိုသေသေပြော"

"ဟုတ်ကဲ့ ကျွန်တော်သွားလိုက်ပါဦးမယ်ခဗျာ"

ဆောင်းချန်းတစ်ယောက် ခေါင်းခါရင်းသာကျန်ခဲ့သည်။
ဒီကလေးလောက်ဆိုးတာ ဒီကလေးပဲရှိလို့ စည်းကမ်းတင်းကြပ်တာကို သူ့ကိုချုပ်ချယ်တယ်လို့ထင်နေတဲ့ကလေးလေး။

အီချန်းယောင်း နဲ့သူ့ငယ်ချင်း အီဆိုဟီးကိုတစ်အိမ်တည်း တစ်နေ့လောက်ထားကြည့်ပါလား အိမ်မီးလောင်ပြီး ပြာတောင်ကျန်မှာမဟုတ်ဘူး။

SIM's |• One shot collectionWhere stories live. Discover now