"အရှင့်သား ......"
"အစ်ကို 2"
"ညီတော် 2"
ရှောင်ကျန့်ကို ပြိုင်တူခေါ်ကြသော အသံများကို ရှောင်ကျန့် သောက်ဖတ်မလုပ်ဘဲနဲ့ ရှေ့ရှိ အနည်းငယ်လေးမှ အမူယာမပျက်သွားသော ၀မ်အလှလေးကို သာ မော့ကြည့်နေမိသည်။
၀မ်ရိပေါ်က ရှောင်ကျန့်ကို မှတ်မိသွားရသည်။
လွန်ခဲ့သော 1နှစ်ခန့်က ၀မ်ရိပေါ် လုပ်ကြံခံလိုက်ရသည်။ချုံခိုတိုက်ခိုက်တာမို့ ၀မ်ရိပေါ်နှင့် အတူပါလာသော စစ်သားများဟာ အကုန်သေသွားကြလေရာ ၀မ်ရိပေါ်နှင့် ကိုယ်ရံတော်ဖြစ်သူ ယွီဟန်သာ အသက်ရှင်ခဲ့သည်။
နားချိန် သိပ်မရလိုက် နောက်ထပ် လုပ်ကြံသူတစ်သုတ် ထပ်ရောက်လာတာကြောင့်
ကိုယ်ရံတော် ယွီဟန်မှ"အရှင့်သား...ရိုင်းပြတဲ့ အပြုမူလို့မထင်ပါနဲ့...အရှင့်သား ၀တ်ရုံကို ပေးပါ..ကျွန်တော်မျိုး..လုပ်ကြံသူတွေကို မြှားခေါ်သွားပါ့မယ်.."
၀မ်ရိပေါရဲ့ အင်းအားမှာ အမှန်ပင် ကုန်ခမ်းနေသည့်တိုင်အောင် ယွီဟန်ကိုငါးစားအဖြစ်တော့ မလုပ်နိုင်ပေ။
စုတ်ဆိုင်းဆိုင်း အမူယာဖြစ်နေသောကြောင့် ယွီဟန်မှ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကာ အရိုသေပြုလိုက်ပြီ"အရှင့်သား....အရှင့်သားက..တိုင်းပြည်ရဲ့အနာဂတ် ဘုရင် ဖြစ်တာမို့...ကျွန်တော်မျိုး..ဒီကနေ့ အသက်စွန့်ခဲ့ရရင်တောင် ...ကျွန်တော် ဂုဏ်ယူမိမှာပါ...အရှင့်သား.."
"ကောင်းပြီ..ယွီဟန်...ဂရုစိုက်..ဒဏ်ရာ မရမိစေနဲ့...အသက်ရှင်လျက်ပြန်လာတာဘဲ လိုချင်တယ်..ဒါအမိန့်ဘဲ..!!"
"ကျွန်တော်မျိုး..အမိန့်နာခံလျက်ပါ..."
ယွီဟန်မှ ၀မ်ရိပေါ်ရဲ့ အပေါ်၀တ်ရုံကို ခြုံလိုက်ကာ နောက်တွင်လိုက်လာသော လုပ်ကြံသူများကို မြှားခေါ်သွားလေသည်။၀မ်ရိပေါ်က ပုန်းနေသော နေရာကနေ ထွတ်လိုက်ကာ
ယွီဟန်ပြေးသွားသော နေရာဘက်ကို တစ်ချက်ခန့်ကြည့်လိုက်ပြီ နေရာမှအမြန်ထွတ်လာခဲ့လိုက်သည်။
ခြေထောက်တွင်လည်း ဓါးဒဏ်ရာ ရထားတာကြောင့် အနာဆိပ်တတ်ကာ နေမကောင်းလာရသည်။အားတင်းပြီးလမ်းလျှောက်ခဲ့သော်လည်း စိတ်သွားတိုင်း ကိုယ်မပါ ဆိုသလို ၀မ်ရိပေါ်မှာ စိတ်ကနေသာ သွားနေတာ ခန္ဓာကိုယ်ကမူ ခြေတစ်လှမ်း သွားဖို့ရာ မနည်းအားယူနေရသည်။
ခဏအကြာ ၀မ်ရိပေါ် သတိလစ်လို့သွားရသည်။ပြန်နိုးလာတော့ ဘေးတွင် ကောင်ငယ်လေးတစ်ယောက်က သူ့ကို စိုက်ကြည့်နေကာ ၀မ်ရိပေါ် နိုးလာတာကို မြင်တော့

YOU ARE READING
၀မ်ကိုချစ်ဖို့မွေးဖွားလာပါသည်။
RomanceRealy Name= ၀မ်ကိုချစ်ဖို့ မွေးဖွားလာပါသည်။ Nicke Name= အလှလေးတွေက ဉာဏ်များလွန်းတယ် စိတ်ကူးနဲ့ပုံဖော်ထားခဲ့မိတဲ့ ၀တ္ထုတစ်ပုဒ်အသက်၀င်လာပြီး ရှောင်ကျန့်ကို ထို၀တ္ထုထဲ ဆွဲသွင်းခံရသောအခါ။ရှောင်ကျန့်တစ်ယောက် သူ့ရဲ့ချစ်လှစွာသော ၀မ်အလှလေးကို မျက်မြင်တွေရမယ...