"မင်းကြီး....ရှင်းဟွမ်မြို့စားကတွေ့ခွင့်တောင်းနေပါတယ်..."ခရမ်းရင့်ရောင်၀တ်စုံပြောင်ပြောင်ကို ၀တ်ဆင်ထားသည့် ကုန်းကုန်းတစ်ယောက်၏စကားသံကြောင့် ပိုင်ယွဲ့နှင့် ကျားစေ့ကစားနေသော မို့ရီရှူးက ရုတ်တရပ်လှည့်ကြည့်လာလေသည်။
ညီလာခံနှင့်တိုင်းပြည်ရေရာကိစ္စအကုန်လုံးကို မိဖုရားဖြစ်သူပိုင်ယွဲ့ထံတွင် အလုံးစုံလွှဲအပ်ထားခြင်းဖြစ်သည်။ အနက်ရောင်ကျားစေ့လေးတစ်စေ့ကို သုံးကွက်ကျော်ချမည့် အကြံအစည်လေးကို အမြန်အကောင်းအထည် ဖော်ဖို့အတွက် အခွင့်အရေးရသွားခဲ့သည်။
"၀င်ခွင့်ပေးလိုက်..."
ပိုင်မိဘုရားထံမှာ ခွင့်ပြုမိန့်ကြောင့်အသက်ကြီးရင့်နေပြီးဖြစ်သော ကုန်းကုန်းမှာအရိုအသေပေးပြီးနောက် တံခါးပေါက်စီသို့ နောက်သို့ဆုတ်လျက် လှည့်ထွတ်သွားလေသည်။
ကွက်ကျော်ချပြီး ကျားကွက်ခုံပေါ်ရှိ အဖြူရောင်ကျားစေ့6လုံးကို ပြုံးဗြဲကြီးနှင့်ကောက်နေသော မို့ရီရှူးတစ်ယောက်ကတော့ ပြုံးရွှင်လျက်။သူ ပိုင်လေးနှင့်ကျားစေ့ကစားတာ 3ပွဲမြောက်ဖြစ်၏။အခုပွဲမှဘဲ မို့ရီရှူးက ပိုင်ယွဲ့၏ကျားစေ့လေးများကို အပျက်အသက်မဟုတ်ခဲ့ရင်တောင် နိုင်ချေနည်းနည်းပိုသာသွားခဲ့ရသည်။
ရေနွေကြမ်းတစ်ခွက်ကို ခပ်ဖြေးဖြေးမှုတ်သောက်နေသည့် ပိုင်ယွဲ့၏မျက်၀န်းတို့က ကျဉ်းမြောင်းသွားလေသည်။
"ရှင်းဟွမ်မြို့စားကို ဘယ်လိုထင်လဲ.."
ကျားစေ့ဖြူနှင့်အနက်လေးတွေကို သူ့ပန်ကန်နှင့်သူ အရောင်ခွဲနေရင်းဖြင့်
"ပိုင်လေးထင်တဲ့အတိုင်းဘဲ မြင်တယ်.."
"ပေ့ရှန်းဘက်ကနေ ရှင်းဟွမ်မြို့စားကို တိုင်ချက်ပို့လာပြန်ပြီ...လျစ်လျူမရှု့သင့်ဘူးလို့ထင်တယ်..."
ကျားစေ့ခုံပေါ်က အနက်ရောင်ကျားစေ့လေးတစ်စေ့ကို ကောက်ယူကာ ကျားစေ့အနက်ရောင်တို့နှင့်ပြည့်နက်နေသော ပန်ကန်လုံးထဲသို့ ထည့်လိုက်ရင်း မို့ရီရှူးက ပိုင်ယွဲ့၏ဘေးနားသို့ အမြန်သွားလိုက်ကာ လက်မောင်းပေါ်ပါးအပ်လျက်

YOU ARE READING
၀မ်ကိုချစ်ဖို့မွေးဖွားလာပါသည်။
RomanceRealy Name= ၀မ်ကိုချစ်ဖို့ မွေးဖွားလာပါသည်။ Nicke Name= အလှလေးတွေက ဉာဏ်များလွန်းတယ် စိတ်ကူးနဲ့ပုံဖော်ထားခဲ့မိတဲ့ ၀တ္ထုတစ်ပုဒ်အသက်၀င်လာပြီး ရှောင်ကျန့်ကို ထို၀တ္ထုထဲ ဆွဲသွင်းခံရသောအခါ။ရှောင်ကျန့်တစ်ယောက် သူ့ရဲ့ချစ်လှစွာသော ၀မ်အလှလေးကို မျက်မြင်တွေရမယ...