အပိုင်း 7 Uni

695 47 11
                                    


တစ်ရက်၊နှစ်ရက်၊သုံးရက်

ရှောင်ကျန့်၏အဖြစ်မှာ လူနေချုံကြားစိတ်နေဘုံဖျားဆိုသလို စိတ်ကသာ ၀မ်၀မ်နဲ့ လက်ထပ်ပြီးသာယာနေတာ ၊လက်တွေ့ကျ

"မင်းသား2နဲ့ ကျွန်တော်က တကယ်ကို သူစိမ်းတွေပါဘဲ"

ဒါ ဒါ ကြီးက ခံစားရခတ်လွန်းပါသည်။ ၀မ်၀မ်က အရမ်းကို ရက်စက်နိုင်လွန်းပါသည်။၀မ်၀မ်က အရမ်းကို ~~~~~

"မတရားဘူး...လောကကြီးမတရားဘူး....အားးးးးးးးးး!!!"

ရှောင်ကျန့် အာပြဲကြီးဖြင့် အော်လိုက်လေရာ အခန်းအပြင်ဘက်ရှိ သစ်ပင်ပေါ်တွင် နားနေသော ငှက်မောင်နှံက တဖျပ်ဖျပ်ဖြင့် ပျံသန်းသွားကြသည်။ထို ငှက်မောင်နှံသာ စကားပြောတတ်မယ်ဆိုလျှင်

"‌ငါတို့ ချစ်ကြည်နူးနေတာကို အားပြဲနဲ့လာနှောက်ယှပ်တဲ့ကောင်...တသက်လုံး crushပြန်မကြိုက်ပါစေနဲ့.."

ဟု ပြောသွားမည်မှာဧကန်မလွဲဖြစ်သည်။
တစ်ခဏမျှ ကြာပြီနောက် ရှောင်ကျန့် စိတ်တို့ ပြန်လည်၍ တတ်ကြွလာခဲ့ရသည်။ခဏ..ဆိုမှ တကယ်ခဏလေးပါဘဲ ပြန်လည်ပြီး ညို့မှိုင်းသွားပြန်သည်။အပြင်ဘက် ဥယျာဉ်စီ လမ်းလျှောက်ရင်း ‌ခြေထောက်အောက်ဘက်ရှိ ကျောက်ခဲများကို ‌ဘောလုံးကန်သလို ကန်နေသည်။

" ပိုင်ယွဲ့ "

လေသံကို နားထောင်ကြည့်ရုံဖြင့် အတော်လေးကို စိတ်ငြီးငြူဖို့ကောင်းသည်။ပိုင်ယွဲ့က
မိမိရှေ့တွင် လာရပ်နေကာ ရက်20လောက် ထမင်းမစားရသေးသော ရုပ်ဖြင့် ရပ်နေသော
အလွန်တရာကို သောက်မြင်ကပ်ဖို့ကောင်းသော ရှောင်ကျန့်ကို မျက်မှောင်ကုပ်ကာကြည့်လျက်

"ဘာဖြစ်လာတာလဲ....မင်းသား2"

ရှောင်ကျန့်က မျက်နှာအောက်စိုက်ထားရာမှ ပြန်လည်မော့လာပြီး ပိုင်ယွဲ့ကို ငိုမဲ့မဲ့ ရုပ်လေးဖြင့် ပြေးဖတ်လေရာ ပိုင်ယွဲ့မှာ ကြောင်အမ်းအမ်းဖြစ်သွားရသည်။ရှောင်ကျန့် ရဲ့ လက်များက ပိုင်ယွဲ့၏ ‌ခါးကို တင်းကြပ်နေအောင်ဖတ်ထားလျက်

"ပိုင်ယွဲ့....အထက်ကို လဘ်ထိုးလို့မရဘူးလား..."

"ဘာလုပ်မလို့လဲ..?"

၀မ်ကိုချစ်ဖို့မွေးဖွားလာပါသည်။Where stories live. Discover now