ငါးလဟူသောကြာချိန်သည်တိုတောင်းစွာပင်ကုန်ဆုံးသွားခဲ့သည်။သူမသည်လည်းLisaနှင့်သိပ်ကိုရင်းနှှီးနေပြီဖြစ်သည်။စစတုန်းကကြည့်ချင်စိတ်ပင်မရှိခဲ့သောသူကအခင်ဆုံးသူငယ်ချင်းဖြစ်လာသည်ကအနည်းငယ်တော့ကြောင်တောင်တောင်နိုင်လှသည်။
"Jennie...ဘာလုပ်.."
သူ့အကြောင်းတွေးနေစဥ်ရောက်လာသောLisaကြောင့်အသက်ရှည်ဦးမည်ဟုတွေးလိုက်မိသည်။
"ေခါင်းလျှော်ထားတာလား...ရေတွေစိုနေတုန်းနော်..."
"အင်း သဘက်နဲ့သုတ်နေတယ်လေ.."
"သဘက်ကဘယ်လိုပြောင်မှာလဲကွာ...ပြီးရင်ဖျားဦးမယ်လူကချူချူချာချာကို...လာငါ dryerနဲ့မှုတ်ပေးမယ်.."
ပလပ်ခုံထဲသို့ပလပ်ကြိုးပင်ထိုးပြီးပြီဖြစ်သောLisaကြောင့်သူမဆက်ငြင်းမနေပဲLisaအနားသို့သွားလိုက်သည်။Lisaကစာကြည့်စားပွဲမှခုံတစ်ခုကိုယူကာ....
"ဒီမှာထိုင်...ခေါင်းလျှော်ပြီးရင်ရေပြောင်အောင်သုတ်ရတယ်...မပျင်းနဲ့ကြားလား..."
သူမကိုပါးစပ်ကလည်းတတွတ်တွတ်ပြောရင်းလက်ကလည်းသူမဆံပင်များကြားထိုးဖွရင်းတစ်ယောက်တည်းအလုပ်ရှုပ်နေသောLisaကိုတခွန်းမျှပြန်မပြောမိချေ။
dryerခလုတ်ပိတ်သံကြား၍Lisaအားကျေးဇူးတင်ရန်နောက်သို့လှည့်ကြည့်လိုက်သည်။သို့သော်မိမိမျက်ဝန်းများနှင့်နီးကပ်နေပါသောမျက်ဝန်းတစ်စုံကြောင့်ရင်ခုန်သံတစ်ချို့တစ်သိမ့်သိမ့်ထွက်ပေါ်လာကြောင်းသတိပြုမိလိုကိသည်။Lisa၏မျက်နှာနှင့်သူမ၏မျက်နှာသည်နီးကပ်လွန်းနေသည်မှာတစ်ယောက်၏ဝင်သက်ထွက်သက်ကတစ်ယောက်ကရှူရှိူက်မိသည်အထိ။သူတို့နှစ်ဦး၏နှုတ်ခမ်းပါးများကြားတွင်တော့Lisa၏လက်ထဲ၌ဆုပ်ကိုင်ထားသောသူမ၏ဆံပင်တစ်ချို့ရှိနေသည်။
ဆုံစည်းနေသောမျက်ဝန်းအစုံအားစက္ကန့်များစွာကြာသည့်တိုင်လွဲဖယ်ရန်လည်းသတိမရချေ။Lisa၏မျက်နှာသည်သူမ၏မျက်နှာထံသို့ပို၍နှီးကပ်စွာတိုး၍လာသည်။သူမ၏မျက်ဝန်းများနှင့်ဆုံသည်းခဲ့သောLisa၏မျက်လုံးအစုံသည်သူမ၏နှုတ်ခမ်းပါးများရှိရာသို့ငေးကြည့်နေသည်။ထိုအခြေနေကိုသူမရင်ဆိုင်ဖို့ငှာမစွမ်းသာသလိုငြင်းဆန်ဖို့ရာလည်းမတတ်သာပေ။သိုကြောင့်မျက်လုံးအစုံကိုသာတင်းတင်းမှတ်၍ထားလိုက်သည်။

YOU ARE READING
နှလုံးသားနက်နက်မှာဒေစီပန်းတွေပျိုးခဲ့တယ်
Fanfictionဒေစီပန်းတွေရဲ့အဓိပ္ပာယ်ကI will never tellတဲ့