နှလုံးသားနက်နက်မှာဒေစီပန်းတွေပျိူးခဲ့တယ်
..................... .......................... ........................
သူမပေါင်ေပါ်မှအဝတ်အိတ်ကိုတင်းတင်းဆုပ်ကိုင်ထားကာအံကိုကြိတ်ထားမိသည်။ဝေ့ဝဲနေသောမျက်ရည်စတို့သည်တင်းခံထားသောမာနစိတ်ကြောင့်မျက်ဝန်းအိမ်တွင်သာရစ်သိုင်း၍နေသည်။"ငိုနေတာလား Jen"
"ဟင့်အင်း..."
"သမီးကဒီလိုဖြစ်နေတော့မာမီဘယ်လိုစိတ်ကောင်းမလဲ...ဒီတစ်နှစ်ပဲလေ..သမီးရယ်နော်..သမီးအထက်တန်းနောက်ဆုံးနှစ်ကိုအမှတ်ကောင်းကောင်းနဲ့အောင်မှ တက္ကသိုလ်ကောင်းတွေရွေးလို့ရမှာလေ...ဒါ့ကြောင့်မို့ကန့်(ဘော်ဒါ)ပို့ရတာပါကွာ.."
သူမမာမီ့ကိုဘာတုန့်ပြန်ချက်မှမပေးမိပါ။ကားမှန်တံခါး၏အပြင်ကိုသာငေးစိုက်ကြည့်နေမိသည်။
တရိပ်ရိပ်နှင်ဖြတ်ကျော်နေခဲ့သောရှူခင်းများကိုကြည့်ရင်းဝမ်းနည်းစိတ်ကပိုတိုး၍လာသည်။သူမမိသားစုနှင့်ပထမဦးဆုံးခွဲခွာတစ်နှစ်ဟူသောကာလအပိုင်းအခြားကိုကျော်ဖြတ်ရတော့မည်။
The Royal Private School ဟူသောခမ်းနားသည့်ဆိုင်းဘုတ်ကိုမြင့်လိုက်ရသည်နှင့်သူမသက်ပြင်းဖွဖွချလိုက်မိသည်။သူမနေရစ်ခဲ့ရတော့မည့်နေရာ
"Jen ဒါသမီးနေရမည့်ကျောင်းပဲလေ တွေ့တယ်မလားဘယ်လောက်တောင်ခမ်းနားလိုက်လဲ"
သူမဘာမှပြန်မပြောပါ..ဒီလိုကောင်းမွန်တဲ့အောင်ချက်ရှိတဲ့နောက်ကွယ်မှ ဘယ်လောက်တောင်တင်းကျပ်တဲ့စည်းကမ်းတွေ ပြင်းထန်တဲ့သင်ကြားနည်းတွေရှိနေမလဲ..
"Jen..ဘာလုပ်နေတာလဲဆင်းလေ.."
မာမီသည်ပြောလည်းပြောရင်းသူမဘက်မှကားတံခါးကိုကိုယ်တိုင်လာဖွင့်ကာသူမလက်ထဲမှအဝတ်စားအိတ်ကိုလွှဲပြောင်းယူလိုက်သည်။
ထို့နောက်ရှေ့မှခပ်မြန်မြန်ထွက်သွားကာကျောင်းသားရေးရာငှာနသို့ဦးတည်သွားနေခဲ့သည်။သူမကတော့နောက်မှနေ၍ဆိတ်ဆိတ်သာလိုက်လာခဲ့သည်။သူမနံဘေးမှာတော့ကျောင်းသူကျောင်းသားများစွာဖြတ်သန်းသွားလာနေသည်။
"မပြေးနဲ့Lisa.. ငါ့ရဲ့အမှတ်စာရင်းပြန်ပေး"
"ဟင့်အင်း....Chanmin ငါဒါကိုအန်တီနဲ့ပြမယ် မှတ်မိလား နင်ငါ့ကိုဟိုတစ်ခါအတန်းလစ်တာတိုင်ထားတယ်လေ..."

YOU ARE READING
နှလုံးသားနက်နက်မှာဒေစီပန်းတွေပျိုးခဲ့တယ်
Fanfictionဒေစီပန်းတွေရဲ့အဓိပ္ပာယ်ကI will never tellတဲ့