အပိုင်း-1

472 21 1
                                    

"ဇာတ်သိမ်းပြီ"

ဒဿရဲ့ ခပ်တိုးတိုးစကားသံကို နားနားကပ်၍ပြောခြင်းကြောင့် ရာမပြန်ပြောဖို့ပင် ဆွံ့အနေမိသည်။ဘယ်တုန်းက သူတို့နှစ်ဦးဤဇာတ်လမ်းကို စတင်ခဲ့မိတာလဲ။အခုကရော ဘယ်လိုအကြောင်းကြောင်းကြောင့် ဇာတ်သိမ်းခန်းကို ရောက်နေမိတာလဲ။
တချိန်က သူတို့နှစ်ဦးသည် သိပ်ကို ချစ်ခင်ကြတဲ့ သူငယ်ချင်းပင်မလား။အခုတော့ အမျိုးသမီးတဦးကြောင့် သိပ်ကိုပင် မုန်းတီးနေကြပါသော ပြိုင်ဘက်တွေပင် ဖြစ်လာခဲ့သည်ပင်။သည်အခြေအနေကို သူ မလိုခြင်ပင် သူမယ်သီတာကိုလဲ ချစ်နှစ်သက်ခြင်းမရှိသည်ပင်။သည်ထီးနန်းကိုလည်းသူမမက်မောပင်။သူလိုချင်သည်ကား တခုပဲရှိသည်။ထိုအရာသည်ကား

"ဒဿ..."

နှုတ်ခမ်းမှ တည်ငြိမ်စွာ ထွက်လာခဲ့မိသော ထိုအမျိုးသား၏အမည်နာမသည် မည်သည့်အချိန်ပင်ရေရွတ်ရွတ် ကြည်နူးမှုကို ရစေပေမဲ့ အခုများတော့ အဘယ်ကြောင့်ဝမ်းနည်းနေမိပါသနည်း သူကိုယ်တိုင်ပင်မသိ။

"အရှုံးသမား...''

ရာမ စကားပင် မဟရသေးခင်မှာတင် ဒဿ၏မုန်းတီးစွာသော အကြည့်များနှင့်အတူ ထိုစကားလုံးကိုကြားလိုက်ရခြင်းပင်။

'အရှုံးသမား...ဟုတ်လား...မင်းသိလားဒဿ...ငါကအခုမှရှုံးတာမဟုတ်ဘူး...မင်းနဲ့စပြီးရေစက်ပါလာကတည်းက ငါကမနိုင်​ တော့တာပါကွာ...'

စိတ်ထဲကပြောစကားများကို ဒဿကြားနိုင်မည်မထင်။သူကြားလည်း သနားလေမည် မထင်လေနဲ့။နားထဲမှာ အတိတ်က သူပြောခဲ့သော ဒီထက်ကြမ်းတမ်းသည့်စကားများကို သူကြားခဲ့ပြီးပြီလေ။ဒဿအတွက် ရာမဆိုတာ အလွန်တရာမှ ရွံစရာကောင်းလှသည့်လူသားတဦးပင်လေ။

"ရာမ...မင်းသိလား...ငါက မယ်သီတာကို
သိပ်...ချစ်တာကွ...သူက ငါ့အတွက်ပဲဖြစ်ရမယ်...မင်းနဲ့သက်ဆိုင်စရာ အကြောင်းကိုမရှိဘူး...အရှုံးသမားရဲ့...''

ပြောပြီး အောင်နိုင်သူတယောက်လို ထွက်သွားတဲ့ ဒဿကျောပြင်ကို ရာမ ကြည့်ရင်းနဲ့သာ ထိုနေရာမှာ ကျန်ခဲ့လေသည်။

'သက်ဆိုင်စရာ...'
ထူးဆန်းတယ်။ဘာလို့ ငါနဲ့ မဟုတ်ပဲ သူမလဲ။မင်းနဲ့ငါက 10နှစ်တာသံယောဇဥ်လေကွာ သို့ပေမဲ့ သူမနဲ့ကျ 1နှစ်ထဲနဲ့မင်းကရူးခါသွားတယ်တဲ့လား။ဒါဆိုမင်းကို 10နှစ်တာလုံး ချစ်ခဲ့ရတဲ့ ငါ့ကို ဘာလို့နားလည်မပေးနိုင်ရတာလဲဒဿရာ...။

ရာမ မျက်ရည်(ကြိုး)Where stories live. Discover now