အပိုင်း-4

70 6 2
                                    

''တောက်ခ်''

ကျယ်လောင်စွာသော တောက်ခ်ခေါက်သံက နန်းဆောင်တခုလုံးကိုပြန့်နှံသွားသည်။ထိုအသံလာရာကတော့ ရာမရဲ့ လည်ပင်းမှ ဒဏ်ရာကို ဆေးထည့်ပေးနေသော ညီတော်လက္ခဏာစီမှပင်ဖြစ်သည်။

''အရမ်းနာနေလား...''

စိတ်ပူစွာနဲ့မေးလာသောညီတော်ကို ရာမ အပြုံးသေးသေးလေးတခုသာပြမိသည်။ သူ့မှာ စကားအရှည်တွေပြောဖို့အားမရှိပါချေ။

ဒဿ သူ့ကို လည်ပင်းညစ်ခဲ့ရာမှ လည်တိုင်မှာ ကြီးမားသော လက်ရာကြီးက ထိန်ကျန်နေသည်။ဖြူစွတ်နေသော သူ၏အသားအရေကြောင့် ထိုဒဏ်ရာမှာ အနီရောင် ထင်းထင်းကြီးကို ဖြစ်နေလေသည်။

''ကျွန်တော် အဲ့သူကို သွားသတ်မယ်...''

လည်တိုင်မှ ဒဏ်ရာကို ဆေးထည့်ပေးရင်း လက္ခဏာ သူ၏ဒေါသစိတ်များကို မထိန်းနိုင်တော့ပါချေ။သူသည် သူ့အကိုတော်ကို အရမ်းချစ်သည်။ငယ်ငယ်လေးထဲက မယ်တော်ဆုံးပါးသွားသည့်နောက် အကိုတော်ကသာ အမေနေရာ အကိုနေရာ စသဖြင့် ဆုံးမပဲ့ပြင်လာတာ သူကိုယ်တိုင်တောင် အကိုတော်ကို ဖူးဖူးမှုတ်ထားခဲ့တာပင် ဒါကို ဒဿဆိုတဲ့ အဲ့ဘီလူးကောင်က အကိုတော်ကိုဆို အမြဲနာကျင်မှုတွေသာပေးသည်။

ဒီတကြိမ်သည် ပထမဆုံးမဟုတ် အရင်အကြိမ်တွေတုန်းကဆို

''ဟာ...တောက်ခ်...ကွာ...သွားသတ်မယ်လို့...''

ပြောပြီး ဒေါသနဲ့အပြင်ထွက်သွားဖို့လုပ်နေသော လက္ခဏာကို ရာမ အတင်းပြန်ဆွဲရသည်လေ။

''လက္ခဏာ...စိတ်လျှော့ပါကွာ...''

ရာမ စိတ်ညစ်ရသည်။သူ၏ညီတော်ကိုလည်း မည်သို့ဖြောင်းဖြရမည်ကိုပင် သူမသိတော့ပါချေ။သူကိုယ်တိုင်ကလဲ ဒဿနဲ့တွေ့တိုင်းအမြဲ စိတ်လျှော့ပေးခဲ့သည်မလား။

ဘာဆိုဘာမှပြန်တုန့်ပြန်ခဲ့ခြင်းမရှိပေမဲ့ ညီတော်ကတော့ ထိုအချက်ကို အတော်လေးအားမရဖြစ်နေခြင်းပင်။

သူမလိုချင်ပါ။သူ့ကြောင့် ညီတော် နာကျင်မှာကိုလည်းမလိုချင်သလို သူ့ကြောင့်ဒဿနာကျင်မှာကိုလည်းသူမလိုချင်ပါ။

ရာမ မျက်ရည်(ကြိုး)Where stories live. Discover now