တစ်ခါနွေရာသီကိုရောက်ခဲ့ပြန်ပေါ့ကွာ
တံလျှပ်တွေဟာပြေးလွှား
ဒီလူတွေကဖျားမြဲဖျား
ကမ္ဘာဟာဖျားမြဲဖျားနေတာ
ပင်လယ်ထဲကိုပျော်ဝင်သွားရေခဲစိုင်များတိုအိပ်မက်များလားမသေချာ
zenithဆိုထားတဲ့သီချင်းလေးအတိုင်းပဲနွေရာသီကိုရောက်ခဲ့လို့လာပြန်ပီဥသြငှက်လေးတွေကလဲသူတို့ရဲ့မိဘကိုတမ်းတလို့နေဆဲအချို့လူတွေကတေ့ာသူတို့ရဲ့အချစ်စစ်ကိုတမ်းတနေဆဲ
နွေဦးမှာတိုက်ခတ်တဲ့လေ ေကြွလွင့်သွားတဲ့သစ်ရွက်တွေ ပူပြင်းလှတဲ့နေအပူချိန်ကနွေဦးမှာမွေးတဲ့ကျွန်တော်အတွက်တော့အထူးအဆန်းမဟုတ်တော့ပေ
ရွက်ဟောင်းတွေကြွေရင်ရွက်သစ်တွေပေါ်လာမှာမဟုတ်လားအဲဒီအချိန်ကိုကျွန်တော်အရမ်းသဘောကျတယ်ရွက်သစ်တွေဝေဆာနေတဲ့သစ်ပင်ကိုကြည့်ရတာအင်မတန်ကိုအမောပြေစေတယ်ဒီနေ့တော့အဲရွက်သစ်တွေဝေနေတဲ့သစ်ပင်ကိုကျွန်တော်အဝကြည့်လို့ရပီအရင်ရက်ကစာမေးပွဲရှိတာမို့စာကိုလုံးပန်းနေရတာရွက်သစ်တွေရွက်ဟောင်းတွေဘယ်ဆီနေမှန်းကိုမသိဘူးစာမှစာဖစ်နေရတာအခုတော့စာမေးပွဲကြီးဖြေလို့ပီးသွားပီ
စာမေးပွဲခန်းကဖြေနိုင်လို့ပျော်ပီးထွက်လာတဲ့သူတွေမဖြေနိုင်လို့ငိုပီးထွက်လာတဲ့သူတွေစာမေးပွဲပီးရင်အိမ်ပြန်မှာပေါ့အဆောင်ပြန်ပီးအထုတ်သိမ်းတဲ့သူတွေသူငယ်ချင်းတွေနဲ့နောက်ဆုံးအမှတ်တရအနေနဲ့လျှောက်လည်ကြမယ်သူတွေအဲလိုအဖွဲ့တွေအများကြီးကွဲသွားတာပေါ့
ကျွန်တော်ကတော့ကျောင်းရှေ့ကခုံတန်းလေးပေါ်မှာရွက်သစ်ဝေနေတဲ့ပိတောက်ပင်ကြီးကိုကြည့်ပီး"ညို"စာအုပ်လေးကိုဖတ်ဖို့စဥ်းစားထားတယ်အိမ်ကိုနောက်သုံးရက်နေမှပြန်မှာဆိုတော့အေးအေးဆေးဆေးစာဖတ်နေမလို့ကျွန်တော်သူငယ်ချင်းတွေကတော့လျှောက်လည်ကြမယ်ထင်တယ်ကျွန်တော််အကျင့်ကိုသိတော့သူတို့ကတော့လာခေါ်မှမဟုတ်ဘူးကျွန်တော်အေးအေးဆေးဆေးနေလို့ရတာပေါ့နွေဦးမှာတိုက်ခတ်တဲ့လေရူးလေးရယ်ရွက်ဟောင်းတွေကြွေနေတဲ့တမာပင်ကြီးရယ်သူ့ဘေးနားကရွက်သစ်တွေဝေနေနဲ့ပိတောက်ပင်ကြီးရယ်
အိုးးးးးးတစ်ခါတစ်ခါလေလေးများဝေ့လိုက်ရင်ရူးတောင်ရူးသွားချင်တယ်ဘယ်သူကိုလွမ်းလို့လွမ်းမှန်းမသိ
မ ကိုလွမ်းနေတာများလား
YOU ARE READING
မောင်
Teen Fictionအချစ်ဆိုတာစကားလုံးအောက်မှာလူငါးယောက်ဘဝဘယ်လောက်တောင်ပျက်ဆီးခဲ့လဲ ချစ်နေရတာဝဋ်ကြေးတစ်မျိုးလိုဖစ်လာခဲ့တယ်မကျေမချင်းဆပ်နေရတာမျိုး အချစ်တွေကထပ်တူမကျတဲ့အခါနာကျင်ရသလိုမဖစ်သာလို့စွန့်လွှတ်လိုက်တာအခါမှလည်းနာကျင်ရတတ်တာမျိုး