မောင်part2

58 2 0
                                    

အချိန်အားဖြင့်မနက်4နာရီ
ပြောရရင်​မိုးတောင်မလင်းသေးတဲ့အချိန်ပေါ့
ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်မှောင်မိုက်နေတယ်အချို့ကျေးငှက်တွေကတော့အစာထွက်ရှာနေလောက်ပီဥသြငှက်လေးတွေက​ေတာ့မနိုးသေးဘူးထင်တယ်ဥသြ"ဆိုတဲ့အော်သံလေးတွေမကြားရသေးဘူး
အဆောင်ကြီးကလဲတိတ်ဆိတ်နေတယ်
နွေဦးတို့အဖွဲ့ရဲ့အခန်းကလွဲလို့ပေါ့

ဟျောင့်နွေဦးထတော့လေကွာအကုန်လုံးနိုးနေကြပီယွန်းလဲ့တို့တောင်ငါတို့အခန်းထဲရောက်လာပီတော်ကြာကားလွတ်သွားအုံးမယ်

ထုံးစံအတိုင်းပဲအအိပ်မက်တဲ့နွေဦးကိုလွမ်းရနှိုးနေရပြန်ပီဒါကလွမ်းရရဲ့နေ့စဥ်အလုပ်ပဲလေအအိပ်မက်တဲ့နွေဦးကိုလွမ်းရတစ်ယောက်ထဲပဲနှိုးနိုင်သည်

ငါထပါပီလွမ်းရရာ မင်းဘာသာပြင်ဆင်စရာရှိတာပြင်ပါအချိန်မှီပါတယ်
မင်းကိုကလောလွန်းတယ်

နွေဦးလဲအိပ်ယာကထပီးမျက်နှာသစ်နေရပါပီအားလုံးကပြင်ဆင်ပီးနေပီသွားဖို့အဆင်သင့်တောင်ဖစ်နေကြပီနွေဦးရဲ့စိတ်ထဲမှာတော့ဒီကောင်တွေဘယ်ချိန်ထဲကသွားချင်နေလဲမသိဘူးလို့တွေးနေရင်းဆဲဆိုနေတယ်
အအိပ်မက်တဲ့သူ့အတွက်တော့မနက်4နာရီထရာတာပြစ်ဒဏ်ကြီးတစ်ခုလို့ပဲ

&*&*&*&*&*&*&*&*&*&*&*&*&*&*

ဟျောင့်တွေသိပီးပီလားအခုသွားမဲ့ရွာမှာလွမ်းရကြိုက်နေတဲ့ကောင်မလေးရှိတယ်တဲ့

အားလုံးပြင်ဆင်ပီးတော့ဆောင်းနှင်းအိမ်ကကားနဲ့ပဲကားဂိတ်ကိုသွားရင်းယွန်းလဲ့​ပြောလိုက်တော့အားလုံးအံ့သြသွားကြတယ်
လွမ်းရကအနေအေးပီးစကားနည်းတဲ့typeမျိုးဘယ်သူကိုမှလဲမကြိုက်ဖူးသလိုဘယ်သူမှလဲစိတ်မဝင်စားဘူးပူးအဲတော့သူစိတ်ဝင်စားတဲ့ကောင်မလေးရှိတယ်ဆိုတာအင်မတန်မှထူးဆန်းတယ်နောက်ပီးတောသူတစ်ယောက်ကိုကြိုက်တယ်တဲ့
ချောလှပါတယ်ဆိုတဲ့မြို့သူတွေတောင်ရင်မခုန်တဲ့သူကတောသူကြမှကြိုက်တယ်ဆိုတော့အားလုံးအံ့အားသင့်သွားတာမဆန်းပါဘူး
လွမ်းရကတော့ဘာမှမပြောဘဲပြုံးသာပြုံးနေတယ်မဟုတ်ရင်ပြန်ပြောမဲ့လွမ်းရကအခုလိုပြုံးနေတယ်ဆိုထဲကဝန်ခံလိုက်တဲ့သဘောပဲ
ဒါကြောင့်ဘယ်သူမှဆက်မပြောတော့ပဲငြိမ်ငြိမ်လေးပဲနေလိုကိကြတယ်ဘာပဲဖစ်ဖစ်လွမ်းရရဲ့ဆုံးဖြတ်ချက်မမှားဘူးဆိုတာအားလုံးယုံကြတဲ့ပုံပဲ

မောင်Where stories live. Discover now