"သားရီးတို့ငါစောင့်အုံးဟ"
နွေဦးမှာသူ့ခရီးဆောင်အိတ်အကြီး ကြီးကိုမနိုင်တနိုင်မကာသူ့သူငယ်ချင်းတွေနောက်အပြေးလိုက်နေရတယ်
အချိန်မှာညနေ3နာရီကျော်လောက်ရှိပီကားကပဲခူးကိုသွားတဲ့ကားဖစ်တာကြောင့်သူတို့အဖွဲ့ကိုကားလမ်းဘေးသာချခဲ့သည်
ဒါကြောင့်ကိုယ့်ခြေထောက်ကိုယ်သုံးကာလမ်းလျှောက်ခဲ့ရသည်ရွာကအရမ်းမခေါင်သောလဲလမ်းတော်တော်လျှောက်ရသည်လမ်းတစ်လျှောက်သစ်ပင်ရိပ်များရှိသောကြောင့်သာနွေဦးတို့သက်သာရာရသည်နွေဦးကတော့မောပီးနောက်မှကျန်ခဲ့လေတယ်ဘယ်သူမှလဲသူကိုမစောင့်သူကိုစောင့်ရင်လဲတစ်ညရွာရောက်မှာမဟုတ်အဲတာကြောင့်သူတို့ကနွေဦးကိုမစောင့်ဘဲသူတို့ဘာသာဆက်လျှောက်နေသည်
နွေဦးကတော့အနောက်ကနေသူ့သူငယ်ချင်းတွေကိုအားရပါးရဆဲဆိုနေတယ်နာရီဝက်လောက်လျှောက်ပီးတော့သူတို့နေမဲ့ရွာကိုရောက်လေပီရွာနာမည်မှာမန်းကျည်းတောကျေးရွာဖစ်သည်(ထိုရွာသည်စိတ်ကူးထဲကရွာနာမည်သာဖစ်သည်အပြင်မှတကယ်ရှိနိုင်သိလို့မရှိတာလဲဖစ်နိုင်သည်)
နွေဦးလဲမောမောနဲ့ရွာထိပ်ကမန်းကျည်းပင်အောက်ခဏထိုင်လိုက်တယ်ကျန်တဲ့သူများကတော့ဆက်သွားကြလေသည်နွေဦးကတော့လမ်းထပ်မလျှောက်နိုင်တော့မန်းကျည်းရိပ်အောက်မှာရေသောက်ရင်းအနားယူနေသည်
မန်းကျည်းပင်ရိပ်လေးမှာလေလေးတဖြူးဖြူးနဲ့မောလာတဲ့ဒဏ်ကြောင့်နွေဦးတစ်ခဏအတွင်းအိပ်ပျော်သွားသည်အချိန်4:30
နွေဦးနိုးလာပီဖုန်းနာရီကိုကြည့်လိုက်တော့နွေဦးလန့်သွားသည်သူ့အတော်နောက်ကျနေပီလေသူ့သူငယ်ချင်းတွေလဲမတွေ့သူအမြန်အဆန်ပဲအိတ်ကိုဆွဲပီးရွာထဲဝင်သွားသည်
ဝင်ဝင်ချင်းပဲသူမြင်လိုက်ရတဲ့လမ်းသုံးခွကြောင့်သူကြောင်ပျောက်သွားသည်ဘယ်လမ်းကိုသွားရမှန်းမသိတော့
ဒါကြောင့်သူဘယ်ဘက်စွန်းကလမ်းကိုသွားမယ်လို့ဆုံးဖြတ်လိုက်သည်အဘယ်ကြောင့်မှန်းမသိသူ့စိတ်ထဲမှာအဲလမ်းကိုသွားချင်နေသည်
နွေဦးလဲလမ်းအတိုင်းဆက်လျှောက်သွားလိုက်သည်လမ်းမှာတောလမ်းဖစ်ပုံရတယ်ခြုံတွေမြက်တွေအပြည့်သို့သော်လူတစ်ယောက်သွားစာလမ်းလေးကတော့ရှင်းနေသည်
YOU ARE READING
မောင်
Teen Fictionအချစ်ဆိုတာစကားလုံးအောက်မှာလူငါးယောက်ဘဝဘယ်လောက်တောင်ပျက်ဆီးခဲ့လဲ ချစ်နေရတာဝဋ်ကြေးတစ်မျိုးလိုဖစ်လာခဲ့တယ်မကျေမချင်းဆပ်နေရတာမျိုး အချစ်တွေကထပ်တူမကျတဲ့အခါနာကျင်ရသလိုမဖစ်သာလို့စွန့်လွှတ်လိုက်တာအခါမှလည်းနာကျင်ရတတ်တာမျိုး