အတိတ်မှနေ့စွဲများ
~~~~~~~~~~~~~~~~ကျွန်တော် တို့အိမ်နှင့် အဖြူလုံး လေး၏ အိမ်သည် တစ်အိမ်ကျော်သာကွာ၏။
ဒီနေ့ အဖြူလုံး ကလေး ဆီသို့သွားမည်။
မေမေက နှင့် ဖေဖေသည် ကွာရှင်းထားကြသည်။ ဖေဖေသည် အဖြူလုံး လေး၏။
မိသားစုနှင့် အနည်းငယ် ရင်းနီး၏
ဟော....တွေ့ပါပြီ ခြံရှေ့တွင်ထိုင်နေသော
အဖြူလုံးကလေး''ဟိတ်''
ထိုအဖြူလုံးကဘေး သည် မော်ကြည့်လာသည်။ ချစ်စရာကောင်းလွန်းလှသည်။
ကျွန်တော် မြင်ဖူးခဲ့တဲ့အရုပ်တွေထက် ချစ်ဖို့ကောင်းပါ၏။''ဟင်....ငါ့ကိုခေါ်တာလား''
''မင်းကိုမခေါ်လို့သရဲကိုခေါ်ရမှာလားကွ''
''ငါ...ငါ သရဲ.. ကြောက်တယ်''
ကျွန်တော်အစက ရယ်ချင်ပေမယ့် တကယ်ကြီးကြောက်နေပုံရတာကြောင့် အဖြူလုံးလေ ပုခုံးနှစ်ဖက် ကိုကိုင်ကာ
''ငါက စတာလေ ခင်ချင်လို့ ။ ငါကမနေ့ကမှပြောင်းလာတာ အဖော်မရှိဘူး''
ဟု ကျွန်တော်က ငြိုးငယ် မျက်နှာဖြင့်ပြောသည်။ထိုအခါ ယင်းအဖြူလုံးလေးက
ကျွန်တော့် မျက်နှာအား သူ့လက် သွယ်သွယ်လေးဖြင့် ကိုင်ကာ''ငါမင်းသူငယ်ချင်းလုပ်ပေးမယ်လေ ''
အင်းးအဲနေ့ ကျွန်တော် အရမ်းကို ပျော်တဲ့နေ့ ဖေဖေ က ကျောင်းဆရာ ဖြစ်တဲ့အလျောက်
ဖေဖေ ကျောင်းပြောင်းသည်နှင့် ကျွန်တော်ပါပြောင်းရသည်။ ထို့ကြောင့် သူငယ်ချင်းမထားဖြစ်ပါ။ သို့သော် ဖေဖေသည် ပင်စင်ယူကာ ဤနေရာ၌ အပြီးနေတော့မည် ဖြစ်သည်။ ထို အဖြူလုံးလေးသည် ကျွန်တော့ အား ကြည်ကြည်ဖြူဖြူ လက်ခံလိုက်သောကြောင့် လွန်စွာမှပျော်ရပါသည်။''ရော့''
အဖြူလုံးလေးက ကျွန်တော့် အားသူ့လက်သေးသေးလေးထဲမှ သကြားလုံးလေးအား
ပေးလာ၏။''ယူလေ။ မင်းအတွက်ပေးတာ''
ကျွန်တော်သည် သကြားလုံးမကြိုက်ပါ။
ပုံမှန်အားဖြင့်မစားဖြစ်ပေ။သို့ပေမယ့်
မိမိ အပိုင်လိုချင်နေသော အဖြူလုံးလေးက
မိမိအား ပေးသည်ဆိုတော့....အင်း..
ကျွန်တော် ထိုလက်သေးသေးလေးထဲမှ
သကြားလုံးလေးအား ယူလိုက်ကာ
အခွံခွာ၍ အဖြူလုံးလေးရှေ့၌ပင်
စားပြလိုက်သည်။ထိုခါမှ အဖြူလုံးလေးက
သွားစွယ်လေးများပေါ်သည်အထိပြုံးပြလာသည်။ ချစ်စရာကောင်းလိုက်ပါဘိ။ ပန်းနုရေုင်သန်းနေသော နှုတ်လမ်းဖူးဖူးလေးနှင့် သွားစွယ်လေးများသည် လွန်းစွာမှချစ်စဖွယ်အတိ။ထိုချိန်...
ဒုန်း!!
******************************************လက်ရှိကာလ
''ဘာကြီးတုန်း''
''ဟ..မွေးနေ့လက်ဆောင်ပေါ့''
ဟုတ်သားပဲ ။ ဒီနေ့ သဏီ့ မွေးနေ့။
တော်ဝင် သည် ၇ လက်မအကျယ်ရှိသော
လက်ဆောင်ဗူးအား ပစ် ပေးလိုက်သည်။''အထဲက ဘာလဲ''
'' မင်းအတွက် ဘောင်းဘီ လေ..။ ဘောင်းဘီ ဆိုပြီး အထင်မသေးတဲ့နော်။ တကမ္ဘာလုံးမှာမှ
၁၀ စုံပဲထုတ်တားတာ''''ဪ''
သဏီ ဖွင့်ကြည့်လိုက်တော့..
'' what the fu*k''
ဒါ လား ။ဘောင်းဘီ။ ဒီလိုအပေါက်တွေနဲ့လား။ ထိုဘောင်းဘီသည် အပွဖြစ်၍
ပေါင် ကနေ ခြေသလုံးအထိ အပေါက်အကြီးကြီးများပါရှိ၏။