လန်ဒန်မြို့ ၏ အလယ်၌ တင်ပါးထိရှည်သော
နက်ပြာရင့်ရောင် ဆံနွယ်များကို ခပ်မြင့်မြင့်
စည်းကာ ပန်းနုရောင် ဟူဒီအပွ နှင့်အနက်ရောင်ဘောင်းဘီ အတို ဝတ်ဆင်ထားသော
ကောင်ကလေး တစ်ယောက်သည် လူတစ်ယောက် နောက်သို့ လျှင်မြန် စွာလျှောက်လမ်းနေသည်။ ထို့နောက် ဆံပင်ရှည်နှင့် ကောင်လေးသည် သူလိုက်နေသော လူ၏ လက်ကိုဆွဲကာ သူနှင့် မျက်နှာ ချင်းဆိုင်လိုက်သည်။ထိုသူစိမ်းသည် ထူးဆန်း သောအကြည့်မျိူးဖြင့်ကြည့်လာသည်။
''မင်း...ဒါဘာသဘောလဲ!!''
ထိုလူစိမ်းသည် အသံနက်ကြီး ဖြင့်အော်ထုတ်လိုက်သော အခါ ဆံပင်ရှည်နှင့် ကောင်လေး
ပုခုံး တုန်ကာ လန့်သွား၏။''ဟို... ကျ..ကျွန်တော် လူမှားတာပါဗျ။ စိတ်မရှိပါနဲ့နော်။
ဟုဆိုတာ ပြေးထွက်လာခဲ့သည်။ကျန်ခဲ့သော
ထိုလူစိမ်းသည် ပါးစပ် လှုပ်ရုံလေသံဖြင့်သာ''ဘယ်လို ကောင်မ မှန်းကိုမသိဘူး''
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
''ဟူးး....လူထပ်မှားပြန်ပြီ ။ ငါကသာ
လုပ်မှားနေတုန်းရှိသေးတယ် မောင် က ကလေးတောင် ရနေပြီလားမသိဘူး''သဏီ စိတ်ရှုပ်စွာဖြင့်အိမ်သို့ပြန်လာခဲ့သည်။
အိမ်တွင် သဏီ့ သူငယ်ချင်းတစ်ယောက်ရှိ၏
ထိုသူငယ်ချင်းသည် သဏီ ၏ ဒုတိယ မိသားစုလေးပင် စိတ်အားနည်းချိန် ၌ လွန်စွာမှ အားပေးစကား ပြောတတ်သော သူငယ်ချင်းလေးဖြစ်သည်။ သဏီ ထက် 3လငယ်သည်။ ယနေ့ မနက်ဖြန် သည် သဏီ ၏
၂၅ နှစ်ပြည့်မွေးနေ့ပင်ဖြစ်သည်။ ထိုနေ့၌ မိမိ
၏ သူငယ်ချင်းလေးသည် မည်သည့် လက်ဆောင် ပေးမည်ကို ရင်ခုန်နေပြီ ဖြစ်၏''ဟျောင့်.. ငဏီကောင် မင်းရုပ်ကလဲ ကွာ
အီးခြောက်လုံး မှန်ထားတဲ့ရုပ်နဲ့ ဘာဖြစ်လာရပြန်တာလဲ''လာပါပြီ။ သဏီ့ သူငယ်ချင်း ရဲ့ သဏီ မကြိုက်သောအခြမ်းပင်။ အားပေးစကားပြောတတ်သလောက် မျက်နှာပြောင်ကာ စနောက်တတ်သူတစ်ယောက်ပင်။
''-ီး ကို အီိးခြောက်လုံးမှန်... တော်ပြီမင်းနဲ့
စကားနိုင်မလုနိုင်ဘူး ငါရေချိုးတော့မယ်''