Unicode
" ဤကမ္ဘာ၏နှောင်ကြိုး " (Final)
အပိုင်း_၂၁(ဇာတ်သိမ်းပိုင်း)
"လောင်လီ..!
ယိချူးက အလန့်တကြားဝင်ဟန့်လိုက်လေသည်။
သို့သော်လည်း ယိချူး၏အဘိုးမှာလက်မခံသေးပေ။" အံ့တာဆိုလည်းဘဘောမတူဘူး
မင်းဖြစ်နေလို့ကိုသဘောမတူတာကွာ နားလည်ပြီလား "[အာ..ရှောင်ပေါင့်အဘိုးက တကယ်သောက်ဂွ
စကားပြောတာကအစ ရိုက်ပေါက်ကြီး ]
သို့ပါသော်လည်း မိမိမှာ သူ့မြေးမလေးကိုမှ
အရူးအမူးချစ်မိနေလေတော့သည်းခံရတာပေါ့။
ကိုယ်က အပြစ်လုပ်မိထားသူလေ ရှိစေတော့ဟုသာနှလုံးပိုက်ထားလိုက်ရသည်။" အဘိုးနော်
လောင်လီကဘာဖြစ်နေလို့လဲ"" ဒီကောင်က နင့်ကိုကားနဲ့တိုက်ထားတာလေ မေ့နေပြီလား?"
" လောင်လီက သမီးချစ်တဲ့အိုင်ဒေါလ်ဆိုတာရော အဘိုးမေ့နေပြီလား?"
" အာ ဒီကလေး ကြည့်စမ်း
တစ်ခွန်းမခံပြန်ပြောနေပါလား
နင် အဲ့လိုသည်းနေလို့ကို ငါကသဘောမကျတာပဲ "ဤသို့ဖြင့် ယိချူးနှင့်ပတ်သတ်၍
၎င်း၏အဘိုးအားလာရောက်စကားပြောတောင်းဆိုသည့်ကိစ္စမှ ရန်ပွဲအသွင်သို့ကူးပြောင်းသွားလေသည်။
မြေးအဘိုးနှစ်ယောက်မှာ တစ်ယောက်နဲ့တစ်ယောက် လုံးဝအကြောမပေးပဲစကားနိုင်လုကြရာ နောက်ဆုံး၌ ကြားကပင် သူမှာဝင်၍
ဖျောင့်ဖျရတော့သည်။" ရှောင်ပေါင်..! တော်တော့
အဘိုးက ကိုယ့်ကိုမုန်းတာ လက်မခံနိုင်တာပုံမှန်ပါပဲ
ကိုယ်နားလည်ပါတယ်
အဘိုး အဘိုးသဘောတူလာတဲ့အထိ ကျွန်တော်စောင့်နိုင်ပါတယ် "လီကျင်းချန်း၏သနားကမားအမူအရာကြောင့် ယိချူး၏အဘိုးမှာ မျက်နှာတစ်ချက်မဲ့လျက် ဂရုမစိုက်သလိုပြောဆိုလိုက်လေသည်။
" အဲ့တာတော့မင်းသဘောပဲလေ "
ဤသို့ဖြင့် သူ့မှာတပ်ဆုတ်၍ပြန်လာရလေသည်။
YOU ARE READING
" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)
Historical Fictionယန်ယိချူးတစ်ယောက် သူငယ်ချင်းရဲ့သစ္စာဖောက်ခံလိုက်ရပြီးနောက် ကားတိုက်ခံရပြီး ရှေးခေတ်ထဲကိုဝိညာဉ်ကူးပြောင်းသွားခဲ့ပါတယ်။ သူမရဲ့နောက်ဆုံးဆန္ဒက သစ္စာဖောက်တဲ့သူငယ်ချင်းမရဲ့အသဲကိုခွဲဖိူ့ပါ။ တာ့စုန့်ခေတ်မှာ သူမဟာ သစ္စာဖောက်သူငယ်ချင်းမနှင့်အတူ သူမရဲ့ crush က...