Unicode
" ဤကမ္ဘာ၏နှောင်ကြိုး " (19)
အခန်း_၁၉(အဆိပ်တွေမှန်းသိပေမယ့်လည်း
မေ့ပစ်ဖို့အတွက် အရာရာဟာမှောင်မိုက်လွန်းခဲ့တယ် )_" ဘာ..!
_" အမေ့ လန့်လိုက်တာဟာ "" သူ..သူ အတိတ်မေ့နေတယ်ဆိုတာဘာစကားလဲ ?"
" ဘာစကားရမှာလဲ
နင့်ကိုကားနဲ့တိုက်မိလို့ရူးချင်ယောင်ဆောင်နေတာလေ "' မားးး!
ရုတ်တရက်အခန်းထဲဝင်လာပြီးပြောလိုက်တဲ့ မိခင်ကြောင့် ယိချူးက မိခင်ဖြစ်သူအားအော်လိုက်မိလေသည်။" နင့်လူမို့ အမေကမပြောချင်ပေမယ့်ပြောရမှာပဲ
ဒီကောင်က တာဝန်မဲ့တဲ့ကောင်စားမျိုးပဲ
နင် ဘယ်လိုကောင်ကို ဘာကြည့်ပြီး ကြိုက်လိုက်တာလဲကွယ် "ဤသို့ဖြင့် ယိချူးမှာ သူမသတိမေ့နေတဲ့ကာလအတွင်းဖြစ်ပျက်ခဲ့သောအကြောင်းတွေအားသိရှိသွားလေတော့သည်။
ထို့ကြောင့် သူမမှာ ရှင်းကျားရီပြန်သွားသည်နှင့် ဆေးရုံကုတင်ပေါ်၌လှဲလျောင်းလျက် တရှုံ့ရှုံ့ငိုနေလေသည်။
သူမ၏မိဘတွေမှာလည်း သမီးဖြစ်သူအား ဥပေက္ခာသာပြုထားလိုက်ကြလေသည်။
သူတို့၏သမီးမှာ လီကျင်းချန်းနှင့်ပတ်သတ်လာရင် ဆန်းဆန်းတင့်သည်မဟုတ်လား။ထိုအချိန်မှာပင် ယိချူး၏အခန်းထဲသို့
ဝင်ရောက်လာသော အမျိုးသားသုံးယောက်၊
ယိချူးမှာ..ထိုလူသုံးယောက်ထဲမှ တစ်ယောက်ကိုမြင်လျင် ရင်တွေအခုန်မြန်လာပါတော့သည်။" လောင်လီ.!"
[နည်းနည်းတောင်ပိန်သွားသလိုပဲ
ဒါပေမယ့် ကြည့်ကောင်းပြီးချောမောနေတုန်းပါပဲလေ ဟိဟိ]" သမီးသတိရပြီကြားလို့လာခဲ့တာ
သမီး ဘယ်လိုနေလဲ
အဆင်မပြေတဲ့နေရာများရှိလား? "ထိုသုံးယောက်အနက် ယိချူး၏ဖခင်နှင့်
မတိမ်းမယိမ်းအရွယ် အမျိုးသားကြီးက
ကြင်နာစွာဖြင့်မေးလာလေသည်။
ထိုအခါမှ ယိချူးမှာ အနှီးအမျိုးသားကြီး၏
မျက်နှာအားသေချာစွာကြည့်မိလိုက်လေသည်။
[ ဒါ..လောင်လီ့အဖေပဲဟုလည်းတပ်အပ်သိသွားလေတော့သည်။
လီကျင်းချန်းတို့သားအဖမှာ ရုပ်ချင်းအလွန်တူလေသည်။]
YOU ARE READING
" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)
Fiksi Sejarahယန်ယိချူးတစ်ယောက် သူငယ်ချင်းရဲ့သစ္စာဖောက်ခံလိုက်ရပြီးနောက် ကားတိုက်ခံရပြီး ရှေးခေတ်ထဲကိုဝိညာဉ်ကူးပြောင်းသွားခဲ့ပါတယ်။ သူမရဲ့နောက်ဆုံးဆန္ဒက သစ္စာဖောက်တဲ့သူငယ်ချင်းမရဲ့အသဲကိုခွဲဖိူ့ပါ။ တာ့စုန့်ခေတ်မှာ သူမဟာ သစ္စာဖောက်သူငယ်ချင်းမနှင့်အတူ သူမရဲ့ crush က...