ပထမဆုံးပြောချင်တာကတော့ ဒါက ရေးချင်တာကိုရေးချင်တဲ့အချိန်ရေးချင်သလိုရေးဖို့ publishမယ့် စာအုပ်ပါ ။ အဲ့တာကြောင့် စိတ်ပေါက်တဲ့အချိန် ရေးပြီး စိတ်ပေါက်တဲ့အချိန်ပြန်ဖျက်မှာပါ ^^ ။ ဒီမှာရေးမယ့် စာတွေက တစ်ပိုင်းနဲ့တစ်ပိုင်းအဆက်အစပ် မရှိတဲ့ storyတွေပဲဖြစ်မှာပါ ။ရေးမှာကတော့ ကြိုက်သမျှ ဟိုစပ်စပ် ဒီစပ်စပ် characters တွေမို့ OOC အတွက်ကြိုwarningပေးချင်ပါတယ် ။ OOCမဖြစ်အောင်တော့ထိန်းရေးမှာဆိုပေမယ့်လို့ OOCဖြစ်သွားခဲ့ရင်လည်း " အော် OOC " ပဲလို့သာမှတ်လိုက်ကြပါ ။ ဒါအတွက် စာရေးသူမှာ အပြစ်အပြည့်အဝရှိပါတယ် ။ ဒါကိုလက်ခံပါတယ် ။
နောက်တစ်ခု က စာလုံးပေါင်းပါ ။ စာရေးသူက OCDအထိရှိတာတော့မဟုတ်ပေမယ့် စာလုံးပေါင်းတွေမှန်နေမှ နေသာထိုင်သာရှိတဲ့လူပါ ။ ထိုသို့ဆိုပေမယ့်လည်းပေါ့နော် ကိုယ်တိုင်လည်း အခုထိ တစ်ချို့စာလုံးတွေရောနေဆဲမို့ တကယ်လို့များ ဒီဘက်ကနေ စာလုံးပေါင်းအမှားတွေများရေးမိခဲ့သည်ရှိသော် ပြင်ပေးဖို့တောင်းဆိုချင်ပါတယ် ။ လူကအခုထိ ဖြေးဖြေးနဲ့ဖြည်းဖြည်းကိုတောင် တစ်ခါတလေ မြင်ပြီးကြောင်ကြောင်သွားလို့ပါ ။ " လဲ " နဲ့ " လည်း " ကတော့ နောက်ပိုင်း သုံးနှုန်းပုံပြန်ပြင်ထားတယ်ကြားပေမယ့် အရင်သုံးနှုန်းပုံအတိုင်း အမေးဝါကျတွေမှာ " လဲ " သုံးပြီး ရိုးရိုးစာကြောင်းတွေမှာတော့ " လည်း " ပဲသုံးဖြစ်ပါတယ် ။ တခြားအပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေအကုန်လုံးကိုလည်း warmly welcome ပါ ~ ။