<Unicode>
ကောင်လေးကို ညတွင်းချင်း စစ်ဆေးရုံတင်ပေးလိုက်ရသည် နောက်နေ့မနက်မှ သူလူနာလာကြည့်ဖြစ်သည် ဆေးရုံအပြင်ထွက်လာတဲ့ကောင်လေးနဲ့သူ့အဖွဲ့ကတစ်ယောက်
"" မင်းသူ့ကို မြန်မြန်သွားခိုင်းမှဖြစ်မယ် ဒီဒရမ်မာကင်းကို အမြန်ပြန်ခိုင်းတော့ မလိုအပ်ပဲနဲ့ သူ့ကိုဘာလို့ကယ်လိုက်ရတာလဲ သူက ငါတို့ကို အပြစ်ဖြစ်အောင် လုပ်နေတာ ငါသူ့ကို ဆေးရုံက ဆင်းခိုင်းပြီးပြီ အကုန်အဆင်ပြေတယ် မင်းလဲသူ့ကို တွေ့ပြီးပြီဆိုတော့ ပြန်ခိုင်းလိုက်တော့ကွာ ""
သူအပေါက်ဝမှာရပ်စောင့်နေတဲ့ကောင်လေးစီသွားကာ
"" မင်းစစ်ဆေးမှုက ပြီးသွားပြီ မင်းဒီနေ့အိမ်ပြန်လို့ရပြီ အခုချက်ချင်းပဲ ပြီးတော့ ဒီမှာ မင်းရဲ့တောင်းပန်စာ ကပ္ပတိန် Kim Seokjin က လက်မှတ်ထိုးပေးထားတယ် ""
ကောင်လေးလက်ထဲ တောင်းပန်စာထည့်ပေးပြီး သူလှည့်အထွက်
"" စိတ်ရင်းမပါတဲ့ တောင်းပန်စကားတွေ မလိုချင်ဘူး ခင်ဗျားအမှားကို တကယ်လက်ခံမှ လက်မှတ်ထိုးပေး ""
တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ သူစိတ်တိုကာ ကောင်လေးလက်မောင်းတွေကို ဆုပ်ကိုင်လိုက်မိသည်
"" ငါကအခြေအနေတွေအရ အလုပ်လုပ်တတ်တဲ့သူ မဟုတ်ဖူး ငါ့ဆန္ဒအတိုင်းလုပ်တာ ဘုရားသခင်ကတောင် ငါ့ကိုအတင်းမလုပ်ခိုင်းနိုင်ဘူး မင်းနားလည်လား ဒါပေမဲ့ မင်းပြဿနာက ငါ့ကိုနားမလည်တာပဲ မင်းသာနားလည်ခဲ့ရင် တောင်းပန်စာရေးခိုင်းမှာတောင် မဟုတ်ဖူး ရည်းစားစာ ရေးခိုင်းမှာ ""
"" ကျွန်တော်နာနေပြီ ""
"" တောင်းပန်ပါတယ် ""
"" ကပ္ပတိန် ခင်းဗျားအခုပြောလိုက်တဲ့ တောင်းပန်စကားကို အရင်ကထဲက ပြောလိုက်သင့်တာ ""
ကပ္ပတိန်ကတော့ ခပ်တည်တည်နဲ့ မျက်မှန်တပ်ကာ ဆိုင်ကယ်မောင်းထွက်သွားလေပြီ သူကသာ တောင်းပန်စာကို ကိုင်ထားရင်း ဆေးရုံဝင်းထဲမှာ ပြုံးပြုံးကြီး ကျန်နေခဲ့တာ
ထိုကိစ္စတွေအားလုံးပြီးသွားတော့ သူအိမ်ပြန်လာခဲ့သည်
"" ကျွန်တော် အိမ်ပြန်ရောက်ပြီ ""
တစ်အိမ်လုံးကို နှုတ်ဆက်ပြီးနောက် အဖိုးဘေးကပ်ထိုင်လိုက်သည်
"" ဘာလို့ဖုန်းမဆက်တာလဲ ""
"" ကျွန်တော်ဆက်မလို့ပါဘဲ ""
စကားပြောနေရင်းအဖွားမှ မေးလာပြန်သည်
"" ဒီဒဏ်ရာတွေ ဘယ်လိုရလာတာလဲ ""
"" ဒါကလေ အဖွား တောင်တက်ရင် ရနေကြလေ ""
"" တော်လောက်ပြီ နားထောင် ဒီကလေးကို အိမ်ပြင်မထွက်ခိုင်းနဲ့တော့ သူ့ခြေထောက်တွေကို ကြိုးတုပ်ထားလိုက်တော့ ""
"" အဖိုးက ကျွန်တော့်အဖိုးလား ဟစ်တလာလား ""
ကျွန်တော်ပြောပြမယ် နားထောင်ပေးကြ သူဧည့်ခန်းအလယ်မတ်တပ်ရပ်ကာ မဟုတ်တမ်းတရားတွေပြောပြဖို့ ပြင်ဆင်ရလေသည် တကယ်က လမ်းမှာကထဲက ဘယ်လိုပြောရင်ကောင်းမလဲ တွေးလာပြီးသား
"" ဘာဖြစ်ခဲ့လဲသိလား ကျွန်တော့်အဖွဲ့ခေါင်းဆောင်က ကျွန်တော့်အရည်အချင်းကို သဘောကျပြီးတော့ နှစ်ရက်ပိုနေခိုင်းခဲ့တယ်လေ အဲ့ဒီမှာ စစ်စခန်းလဲရှိတယ် အဲ့ဒီက ဗိုလ်ကြီးက သူတို့ရဲ့ ခရစ်စမတ်ပါတီကို ဖိတ်တယ်လေ ကျွန်တော်အဲ့ဒီမှာ အရမ်းပျော်ခဲ့တာ ""
"" မင်းကပျော်နေရတော့ ဖုန်းခေါ်ဖို့တောင် သတိမရဘူးပေါ့ မင်းအတွက်ဖုန်းခေါ်ဖို့ အတော်ခက်ခဲနေတာလား ""
ဘယ်အချိန်က သူ့နောက်မှာရောက်နေမှန်းမသိတဲ့ အဖေ့ကြောင့် လန့်ရပြန်သည်
"" အဲ့လိုလဲ မဟုတ်ပါဘူး အဲ့မှာက ဖုန်းလိုင်းမမိဘူး အဖေ ""
"" မင်းသူငယ်ချင်းတွေကို ပြောခိုင်းမှပေါ့ အရင်ဆုံးဖုန်းဆက်သင့်တယ်မလား ""
"" အဲ့ဒါဆို eunwoo ကလာမပြောဘူးလား ""
ဆူခံရမည့်အရေးမြင်တော့ သူငယ်ချင်းအား လွှဲချမိသည်
"" အဲ့ဒီကောင်လေးကတော့ ""
"" ဟုတ်တယ် သူကမကောင်းဘူး ""
"" မင်းသွားမှာကို ငါငြင်းခဲ့ပေမဲ့ မင်းရဲ့ ပထမဆုံးခရီးမို့လို့ ခွင့်ပြုပေးခဲ့တယ် အခုကျ ငါတို့အားလုံးကို စိတ်ပူအောင်လုပ်တယ် ဒီမိသားစုဘဝက မင်းအပေါ်မှာ မူတည်နေတာ မင်းမသိဘူးလား ""
"" ကျွန်တော့်ဘဝကရော ကျွန်တော့်ဘဝကရော ဘယ်မှာလဲ ""
"" အကုန်လုံးက................... ""
"" ကျွန်တော့်ကိုဖက်ပါအုံး အဖေ ကျွန်တော်ဘာမှမဖြစ်ပါဘူး ""
သူအဖေ့ကို ခပ်မြန်မြန်ဖက်ထားလိုက်သည် မဟုတ်ရင် ထပ်ဆူနေအုံးမှာ မြင်ယောင်မိ ဒါတောင်လျှောက်ပြောထားလို့ အဆူခံရသက်သာတာ တကယ်လို့များ အမှန်တိုင်းသာသိသွားလို့ကတော့ တစ်နှစ်လောက်တောင် အိမ်ပြင်ထွက်ရတော့မည်မထင် တကယ်မတွေးရဲစရာတွေ ဖြစ်ကုန်လိမ့်မည်
"" jungkook ""
"" jimin ""
သူအပြေးသွားကာ ဖက်ထားလိုက်သည်
"" ငါအရမ်းပျော်ခဲ့တာ ""
"" ဟုတ်လား ""
"" မင်းသာကူမပြောပေးရင် ငါဒီမှာ ပိတ်မိနေတော့မှာ ""
"" ဟုတ်ပါပြီ ခရီးကအတော်ပျော်စရာကောင်းတယ်ထင်တာပဲ ""
"" ဒါပေါ့ ""